/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 29, 2012

.

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား..




ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား

ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တဝှမ်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေမှုကို အစိုးရ သတင်းဋ္ဌာနတွေမှာ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ တာဝါတိုင်များအား KIAမှ မိုင်းခွဲမှုကြောင့် လျှ...ပ်စစ်မီးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသယောင် ရေးသားဖော်ပြနေပါတယ်...။

ဒီမိုဝေယံမှ လက်ခံရရှိထားပြီး အထက်ပါ ဖော်ပြမယ့် စာကတော့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထိးချိုင့်မြို့နယ် တကောင်းတောင် နီကယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ ပေးစာ ဘာသာပြန်ထဲက တစိတ်တပိုင်းကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။ (အထက်ပါ စာနဲ့ အတူ ဓာတ်ပုံသတင်းများ ဆက်လက်ဖော်ပြပေးပါမယ်..)

အဆိုပါ တရုတ်CNICO ကုမ္ပဏီရဲ့ သက်ဆိုင်ရာသို့ ပေးစာထဲမှာ နယ်မြေတာဝန်ခံများနဲ့ လုံခြုံရေးများသို့ ဗျူဟာတောင်းခံထားတဲ့ စာဖြစ်ပြီး ရွှေလီ၊ တအူ၊ တကောင်း လျှပ်စစ်တာဝါတိုင်များအား စစ်ဆေးကြည့်ရှုမယ့် တာဝါတိုင် အမှတ်စဉ်တွေကို ဖော်ပြထားတာ တွေ့ရှိရမှာပါ...။ ဇန္နဝါရီလထဲက ကြိုတင်ပြင်ဆင် စစ်ဆေးမယ့် တရုတ်ဝန်ထမ်းတွေ အတွက် နယ်မြေ လုံခြုံရေးအတွက် ထိုစဉ်ကတည်းက ရယူထားပြီး ဖြစ်ပါတယ်..။ တာဝါတိုင်တွေ ပြင်ဆင်မယ့် တရုတ် ဝန်ထမ်း အရေအတွက်ကတော့ Passport ဖြင့်ဝင်သူ ၄၄ဦး Border Pass ဖြင့်ဝင်သူ ၇ဦးနဲ့ ကုမ္ပဏီ ထောက်ခံမှုဖြင့် ဝင်သူ ၄၄ဦး ပေါင်း (၉၅)ဦးရှိပါတယ်..။ (အဆိုပါ စာရင်းအား ဖော်ပြပေးပါမယ်..) ဒီလောက် နိုင်ငံခြားသား တရုတ်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ဗျူဟာတခု တောင်းခံပြီး လုံခြုံရေး ရယူစဉ်မှာ တာဝါတိုင်တွေ မိုင်းခွဲခံရတယ် ဆိုတာ စဉ်းစားစရာပါ..။

အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈)တို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်..။ ယခုစာမှာ အဆိုပါ တာဝါတိုင်များ စစ်ဆေးမယ့်အထဲမှာ ပါပြီးသားပါ...။ ယခင် ဖော်ပြခဲ့သလို အဆိုပါ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ မြန်မာပြည်တဝှမ်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဆိုတဲ့အချိန်မှာ ရွှေလီကပို့လွှတ်တဲ့ တကောင်းနီကယ် စီမံကိန်းမှာတော့ လင်းထိန်နေတဲ့ မေလ (၁၅)ရက်နေ့က မြင်ကွင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မယ်..။ KIA မိုင်းခွဲတာ ဖြစ်လည်း ဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ပါ..။ မိုင်းခွဲခံရတယ် ဆိုလည်း မိုင်းအမျိုးအစား ပတ်ဝန်ကျင် ပျက်ဆီးမှု အသေးစိတ်ကို ဖော်ပြပေးသင့်ပါတယ်..။ (၂၄)နှစ်လုံးလုံး ရွှေသမင်ဘယ်က ထွက်ဆိုတာ ကျတော်တို့ ခံရပါများလို့ သိရှိပြီးသားပါ...။ ဒီစာပါ အကြောင်းအရာများအရ ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်ကိစ္စကို ကျတော်တို့ မျက်စိဖွင့်ပြီး ယုံကြရမယ့် အနေအထားပါ...။

မုန့်လုံး စက္ကူကပ်သလို လုပ်ပြီး ရောင်ခြည်တော်နဲ့ ရောမလွှတ်ပါနဲ့..။ လျှပ်စစ်မီးပုံမှန်မရတာ ရွှေလီဓာတ်အားပေး စက်ရုံ ပြီးစီးတဲ့ ၂၀၀၉ခုနှစ် မတိုင်မှီ နှစ်ပေါင်း ၂၀ကျော်ကတည်းကပါ...။ ရွှေလီကထွက်တဲ့ ရေအားလျှပ်စစ်ကို တရုတ်နဲ့ ပြည်တွင်းကို ရောင်းချရငွေ ဒေါ်လာ ၂၅၅သန်းကျော် ရရှိခဲ့ပြီးပါပြီ။ ပြည်သူတွေ အကျိုးခံစားခွင့်ဆိုတာ ဘေးထား သိရှိခွင့် ရရှိခဲ့ပါရဲ့လား..။ မိုးမရွာလို့ လျှပ်စစ်မီးမရတာ၊ တာဝါတိုင် ချိုးခံရလို့ပါဆိုတဲ့ ကင်ဆာရောဂါကို ပရုတ်ဆီအဆင့်နဲ့ မကုပါနဲ့တော့.. နောင်လာမယ့် နှစ်တွေအတွက် ဘာများ ပြင်ဆင်ထားပါသလဲ..။ ဆီပေးမှ ဆန်ရမယ် ဆိုပြီး တနေ့ ၆နာရီလောက်တောင် မရတဲ့ လျှပ်စစ်မီးကို ဖယောင်းတိုင်ထွန်းပြီး ချွေတာဖို့ စော်ကားတဲ့ စကားတွေ ရပ်တန်းက ရပ်ကြပါတော့...။ ရာထူးယူပြီး တာဝန်မယူနိုင်ရင် လုပ်နိုင်တဲ့ပညာရှင်တွေကို လက်ဆင့်ကမ်းပြီး ထွက်ကြပါတော့လို့ တိုက်တွန်းရင်း ပြည်သူတွေ မသိဆိုပြီး အချဉ်မလုပ်ကြပါနဲ့ သိတဲ့သူတွေ ဖော်ထုတ်မယ့် သူတွေ ရှိနေကြောင်း အသိပေးလိုက်ရပါတယ်.. မင်းကြီးတာက ပုဂ္ဂိုလ်များ ခင်ဗျား..

သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ဒီမိုဝေယံ

တရုတ် CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/05/blog-post_26.html




မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။