/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 29, 2012

.

တိုက်ပွဲကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းခဲ့သူ လဖိုင်နော်မန်း ပြည်သူ့ဂုဏ်ရည်ဆု ရရှိ

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေးလတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲအတွင်း သတင်းယူနေစဉ် မိုင်းထိ ခဲ့သည့် Kachinlandnews သတင်းဌာနမှ လဖိုင်နော်မန်းသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ချီးမြှင့်သည့် ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့ကြောင်း ယင်းဆုပေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ပုဂ္ဂိုလ် အသီးသီးတို့က ယင်းဆုအတွက် မဲပေးရွေးချယ် ခဲ့ကြပြီး လဖိုင်နော်မိန်းသည် မဲပေးသူ ၅၁၉၃၂၂ တွင် ၅၁ ဒသမ ၂၅ ရရှိကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ゞင်းက ပြောကြားသည်။

လဖိုင်နော်မိန်းသည် မီဒီယာလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ၂၀ဝ၂ ခုနှစ် ဝန်းကျင်မှ စတင်ကာ ဆွမ်ဘရာဘွမ် မီဒီယာကို ဦးဆောင်ခဲ့ပြီး ကချင်လူငယ်များ အတွက် သတင်းမီဒီယာ သင်တန်းများ ပို့ချခြင်း၊ ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ သတင်းမှတ်တမ်း ဌာနအတွက် ကူညီပေးခြင်း ၊ ကချင် စကားပြော ဗီဒီယို ဇာတ်လမ်းများ ရိုက်ကူးပေးခဲ့ သည့်အပြင် ၂၀၁၁ ခုနှစ်တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ချိန် လူငယ်များကို စုစည်းကာ Kachin land news ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သူ ဖြစ်ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၁၂ ဇန်နဝါရီလ ၄ ရက်တွင် ကချင်ပြည်နယ် တရုတ် - မြန်မာ နယ်စပ်ရှိ စိန်လုံဒေသတွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေဘက်မှ တီဗွီသတင်း ယူနေစဉ် မိုင်းထိမှန်ကာ ခန္ဓာကိုယ်အောက် လှုပ်ရှား၍ မရတော့သူ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ゞင်းနှင့် နီးစပ်သူ၏ ပြောဆိုချက်အရ သိရသည်။

၂၀၁၁ခုနှစ် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုက ရရှိထားပြီး ၂၀၁ဝ ပြည်သူ့ဂုဏ်ရည်ဆုကို နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဌ ဦးကျော်သူက ရရှိထားသည်။ လာမည့် ၂၀၁၃ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြင့်ပွဲ အခမ်းအနားကို တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပမည် ဖြစ်သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။