/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 29, 2012

.

ဓာတ်ငွေ့သုံး လျှပ်စစ် တာဘိုင်သုံးလုံး ဂျပန် ငှားမည်

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဖယောင်းတိုင် မီးထွန်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေသော မြန်မာနိင်ငံကို ဂျပန်နိင်ငံမှ ၁၂ဝ မီဂါဝပ် ဓါတ်ငွေသုံး တာဘိုင်သုံးလုံးကို ငှားရမ်း အသုံးပြုခွင့် ပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် လတ်တလော ကြုံ့တွေနေရသော လျှပ်စစ်ဓာတ်အား မလုံလောက်မှုတို့နှင့် ပတ်သက်ကာ ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဂျပန်နိင်ငံသို့ သွားရောက်စဉ် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းသည် ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Yukio Edano နှင့် မေလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ နိင်ငံခြားရေး ဝန်ကြီး Mr.Koichiro Gemba နှင့် မေလ ၂၅ ရက်တွင် လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ မြန်မာနိင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ မြန်မာနိင်ငံတွင် လတ်တလော ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေး ရှင်းပြခဲ့သည်။

ဂျပန်နိင်ငံ Nikkei Ine နှင့် ဂျပန် စီးပွားရေး သုတေသန ဗဟိုဌာနတို့ တာဝန်ခံ၍ ဂျပန်နိင်ငံ တိုကျိုမြို့တွင် မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပြုလုပ်သော 18th International Conference on the Future of Asia တက်ရောက်ခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြည်၊ ပေါင်းတည်၊ ပုသိမ်မြို့တို့တွင် မေလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရေး အတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။