/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 23, 2012

.

ပွဲလန့်တုန်းဖျာဝင်ခင်း ဆိုသည့်စကားပုံအတိုင်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်


အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှ စတင်ကာ လျှပ်စစ်မီး ရရှိရေးဆိုသည့်ခေါင်းစဉ်ဖြင့် ဖယောင်းတိုင်များကိုယ်စီကိုင်ဆောင်ကာ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမူများပြုလုပ်လာခဲ့သည်။အလားတူ (၂၂.၅.၂၀၁၂) ရက်နေ့တွင် ရန်ကုန်မြို့ တွင်လည်း ညနေ ၇ နာရီမှစ၍ မြို့တော်ခန်းမ အနီးလက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့တွင် စုဝေးကာ ဆူးလေဘုရားလမ်းပေါ်သို့ချီတက်ကာဆန္ဒပြခဲ့ကြသည်။

ထိုသို့ပြုလုပ်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခွင့်ကောင်းယူကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖယောင်းတိုင်နှင့် အတူ "မြန်မာပြည်အနာဂတ်လှပရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အလေးအနက်ထောက်ခံပါသည်" ဆိုသည့် စာတမ်းများကို ကိုင်ဆောင်စေကာ ဆန္ဒပြတောင်းဆိုနေကြောင်းသိရှိရသည်။




လျှပ်စစ်မီးရရှိရန် တောင်းဆိုနေကြသည့် ပြည်သူများကိုပါ ထိုစာတမ်းများကို လိုက်လံဝေဌ ပေးနေကြောင်းလည်း သိရှိရသည်။

အခုလိုလူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုနေသော လုပ်ရပ်များသည် နိုင်ငံတော်၏ သိက္ခာကို ပါ ကျဆင်းစေသည့် လုပ်ရပ်များဖြစ်သည့်အပြင် ၈၈ တုန်းကလိုမျိုး အရေးအခင်း ထပ်မံပေါ်ပေါက်အောင် လုပ်ဆောင်တာမျိုးဖြစ်နေပါတော့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။