/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 23, 2012

.

ဖောက်ခွဲခံရသော ရွှေလီ-မန်စံ တာဝါတိုင်များ ၁၀ ရက်အတွင်း ပြင်ဆင်မှုပြီးမည်


ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်များအား ၁၀ ရက်အတွင်း ပြီးစီးရန် ပြင်ဆင်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ဆန်းဦးက ပြောသည်။ ယင်းကို မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီက မန္တလေးလျှပ်စစ်အင်ဂျင်နီယာ တိုင်းရုံးခန်းမ၌ ပြုလုပ်သော မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင်လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်၍ မြို့ခံလူထုကမေ ၂၀ ရက်နေ့က စတင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ မြို့မိမြို့ဖတို့အား လျှပ်စစ်ဓာတ်အားမရရှိမှု အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။ “ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေကို အမြန်ပြုပြင်နေတာ ၁၀ ရက်လောက်ဆို ပြန်ကောင်းမှာပါ” ဟု အဆိုပါ ဒုဝန်ကြီးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေး မြို့ခံတစ်ဦးက “ အလှည့်ကျ မီးရတယ် ဆိုပေမယ့် မီးလာချိန်မှာ ထရန်စဖော်မာက မကောင်းလို့ မီးမရဘူးလို့ ဝန်ကြီးကို တင်ပြတာ ဝန်ကြီးက မနက်ဖြန်ချက်ချင်း လာပြင်ပေးမယ်လို့ ကတိပေးသွားတာပဲ” ဟု ပြောသည်။

မန္တလေးတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးအတွက် မြို့နေလူထုက ဖယောင်းတိုင်ထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲကို သုံးရက်တိုင် ပြုလုပ်ရန် စီစဉ်ထားပြီး မေ ၂၁ ရက်ညက ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။