အသက် ၂၄ နှစ် အရွယ် သေဆုံးသူ မြန်မာ မိန်းကလေး ၏ အလုပ်ရှင် မှာ မဒမ် ဂို ဟု သာ သိရပြီး ထွက်ပြေးရာ မှ မတော်တဆ ပြုတ် ကျခြင်း ဖြစ် နိုင်သည် ဟု သတင်း တွင် ဖော် ပြ ထား သည်။
သေမှုသေခင်း ကို စင်္ကာ ပူ ရဲ တပ် ဖွဲ့  က စုံစမ်း စစ်ဆေး နေသည် ဟု သတင်း တွင် ဖော်ပြထား သည်။ မသေးဆုံး ခင် ညက အထိ မှား ယွင်းမှု တစ်စုံ တစ်ရာ မတွေ့ ရ ဟု မဒမ်ဂိုက ရဲ တပ် ဖွဲ့  ကို ပြောသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ က စင်္ကာပူ ရှိ မြန်မာ အမျိုး သမီး တစ်ဦး ဖြစ်သူ မရင်ငြိမ်းပွင့် မှာ နေ အိမ် မှ ခုန်ချ သတ်သေသွား ခဲ့ ပြီး အခြား တစ်ဦး မှာ လည်း ထွက် ပြေး စဉ် ပြုတ်ကျ သေဆုံး ခဲ့ သည်။
စင်္ကာပူ နိုင်ငံ တွင် စာရင်း ကိုင် အဖြစ်တာဝန် ထမ်းဆောင် နေသည့် မဇာခြည်ဝင်း က ” မနက် စောစော ဆို ရင် မြန်မာ အိမ်ဖော် တွေ က မနက် ငါး နာရီလောက် ထဲ က ထ ပြီး စားဖို့ သောက် ဖို့  စီစဉ် ပေးထား ရတယ် ၊ အိပ်ယာထ နောက်ကျ ပြီး အချိန် မှီ မပြင် ဆင် ပေး ဘူး ဆို ရင် နှိပ်စက် တာ တို့  ၊ ကိုယ်ထိ လက်ရောက် လုပ်တာ တို့  တွေ ပါ ရှိတယ် ဟု FNG သို့  ပြောသည်။
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။