/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 24, 2012

.

ဒေါ်စု ကချင်ပြည်နယ် ခရီးစဉ် (Update)

ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့နယ် ပြည်သူသို့ ပြောကြားသွားရာတွင် မိမိတို့ဒေသထံ လာရောက် စည်းရုံးသည့် မည်သည့် ပါတီမှက လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဆို မေးခွန်းများ မေးရန်လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ဆန္ဒရှင်များ၏ ထောက်ခံမှုကို လိုချင်ပါက ဘာ့ကြောင့် ထောက်ခံခိုင်းသည်ကို ရှင်းပြနိုင်ရမည်ဟု ပြောသွားသည်။

“ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် လာပြီးတော့ စည်းရုံးလို့ရှိရင် ပြည်သူတွေက မေးခွန်း မေးပိုင်ခွင့် ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ ပြည်သူတွေက မေးပိုင်ခွင့်ရှိရင် ပြည်သူ တွေ ဘာသိချင်သလဲဆိုတာကို စဉ်းစားပြီးတော့ ဖြေရမယ်။ ဘာ့ကြောင့် ဒီအလုပ်တခုကို လုပ်တယ်ဆိုတာကို ရှင်းပြရမယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုလိုချင်ရင် ဒီထောက်ခံဖို့ ကိစ္စကို ဘာဖြစ်လို့ လုပ်ချင်လဲဆိုတာကို ရှင်းပြရမယ်။” ဟု ဒေါ်စုက ပြောသွားသည်။

NLD ၏ မိုးကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍လည်း “ဒေါ်ခင်ကြည်ကို မိုးကောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ရွေးချယ်လိုက်သလဲဆိုတာက အဖွဲ့ချုပ်က ပြည်သူတွေ လေးစားနိုင်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျောက်လှမ်းခဲ့တယ်။” ဟု ပြောကြားသွားပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားသည်။

http://www.mizzimaburmese.com/news/inside-burma/9033-2012-02-23-06-26-13.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။