/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 24, 2012

.

ဒေါ်အောင်ဆန်း စုကြည် မြစ်ကြီးနား မြို့  ဟောပြောပွဲ “သဘောထား ကြီးကြီး ထားမှ ပြည်တွင်း ငြိမ်းချမ်း ရေး ရမည်” ဟု ပြောဆိုခဲ့


ဒေါ်အောင်ဆန်းစုကြည် သည် ကချင် ပြည်နယ် မြစ်ကြီးနား မြို့  ရှိ မနော ပွဲ ကျင်း ပရာ မနောကွင်း၌တက်ရောက် လာသည့် ပရိသတ် တစ်သိန်း ကျော် အား ဒီမိုကရေစီ၊ ရွေးကောက် ပွဲ ၊ နိုင်ငံ့
သားကောင်းများ ဖြစ် ရေး ၊ ပြည်တွင်း ငြိမ်းချမ်း ရေး တို့  နှင့် စပ်လျှဉ်းသည့် တရား များ ဟော
ကြား ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေ့ လည် ပိုင်း တွင် ဗန်းမော် မြို့  နယ် သို့  ဆက်လက် ထွက် ခွာ ခဲ့
ပြီး ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်အပါအ၀င် အဖွဲ့ဝင် (၁၆)ဦး ကမူ မြစ်ဆုံ၏
ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာတွင် ကျင်းပခဲ့ရာ သိက္ခာတော်
ရ ဆရာ ကြီး ဘရန်ဒူးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ဘုန်းတော်ကြီး ဆွမ်ရွိုင်အောင်ကဋ္ဌ
ဆုတောင်း ဆပ်ကပ်ခြင်းများပြုလုပ်ခဲ့ကာ ၈၈မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်ကို ဧရာဝတီမြစ်
ဆုံနှင့် ပတ်သက်ပြီး ၄င်းတို့၏ သဘောထားအမြင်များကို ဒေသခံများအား ပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မနော ကွင်း အတွင်း ရှိ မဂျွယ်ခန်း မ နေရာ ဉ် ကချင် ၀တ် စုံ ၀တ်ကာ
ဟော ပြော သွား ခဲ့ ခြင်း ဖြစ်သည်။

Eleven Media Group

အခု ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရှိဘူး။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါဟာ
ကမ္ဘာ့အလယ်မှာ အရှက်ရစရာ ဖြစ်ပါတယ်။ ကိုယ့်အချင်းချင်း တိုက်နေတယ်ဆိုတာ ဘာမှ
ဂုဏ်ယူစရာ အကြောင်း မရှိပါဘူး။ ဒါ အင်မတန် ရှက်စရာ ကောင်းတဲ့ ကိစ္စပါ။ သဘောထားတွေ
မတူညီတာ ရှိနိုင်တယ်။ မတူညီတဲ့ သဘောထားတွေကို စကားပြောပြီးတော့ ပြေလည်အောင်
လုပ်နိုင်ရမယ်။ အဲဒီဟာကို လုပ်နိုင်မှ ခေတ်မီတဲ့ လူသားလို့ ဆိုနိုင်မှာပါ။ ကျောက်ခေတ်က လူတွေလို
လက်နက်တွေနဲ့ တိုက်ခိုက်နေရမယ့် အချိန်မဟုတ်တော့ဘူး။ စကားလုံးတွေနဲ့ ဖလှယ်ပြီး အဖြေရှာရမှာပါ။
လူတွေဆိုတာ ထက်မြက်ရမယ်၊ လုပ်ရဲရမယ်။ ဒါပေမယ့် လူ ပီပီသသ ဖြစ်ချင်ရင် မယုတ်မာရဘူး။
နှိပ်စက်ချင်တဲ့ စိတ်တွေ မရှိရဘူး။ မကြမ်းတမ်းရဘူး။

တိုင်းရင်းသားတွေ အချင်းချင်း ငြိမ်းချမ်းရေးရဖို့ ပြိုင်ရာမှာ ဘယ်ဘက်က
ပိုပြီး တိုက်နိုင်တယ်၊ ခိုက်နိုင်တယ်။ ဘယ်ဘက်က ပိုပြီး လက်နက် အင်အားကြီးတယ်။ ဒါတွေကို
ပြိုင်ရမှာ မဟုတ်ဘူး။ ဘယ်ဘက်က ပိုပြီး သဘောထားကြီးတယ်။ ဖြူစင်တယ်။ ဘယ်ဘက်က
ပိုပြီး စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုပြီးမွေးမြူနိုင်တယ်ဆိုတာ ပြိုင်ရမယ်။ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ်တိုင်းရင်းသားတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက
၂၁ ပင်လုံဆိုတာ ပြောလာတာ ရှိပါတယ်။ ပင်လုံမြေမှာ နောက်တစ်ကြိမ် လက်မှတ်ထိုးဖို့ မဟုတ်ပါဘူး
စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြန်လည်ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။

လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပေးရမယ်။
စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ပြည်သူတွေ ဘယ်လောက် နစ်နာတယ်ဆိုတာ ထွေထွေ ထူးထူး
ရှင်းပြနေစရာ မလိုပါဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ့ စကားပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့
အရေးကြီးဆုံး ပြဿနာက ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့ အခြေခံ
အကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိလို့၊ လေးစားမှု မရှိလို့ပါပဲ။
ယုံကြည်မှု၊ လေးစားမှု မရှိဘူးဆိုတာ ပွင့်လင်း ဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေဟာ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စလို့
သဘောထား နိုင်ရမယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေဟာ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေ
အားလုံး ဖြစ်နေတဲ့ ဒုက္ခတွေလို သဘောထား နိုင်ရမယ်။ ဒီပြည်နယ်မှာ ဘာလို့ ငြိမ်းချမ်းရေး
မရနိုင်ရတာလဲ။ အားလုံး ၀ိုင်းစဉ်းစား ကြရမယ်။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲ။ ၁၉၄၇
ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပြီး လက်မှတ်ရေးထိုးခဲ့လို့ ပင်
လုံစာချုပ်ဆိုတာ ပေါ်လာပြီး လွတ်လပ်ရေး ရခဲ့တာပါ။ မနေ့ညက ကချင် ခေါင်းဆောင်
တွေနဲ့ စကားပြောဖြစ်ခဲ့တဲ့ အခါမှာ ပင်လုံစိတ်ဓာတ်ဆိုတာ မြစ်ကြီးနားကနေ စပြီးသွားခဲ့တာလို့
ကချင်ခေါင်းဆောင်တွေက သတိပေးပါတယ်။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှကောက်နုတ်ချက်)
Eleven Media မှ

             

                     


http://freedomnewsgroup.com/2012/02/24/assk-myit-kyi-na/#more-24508

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။