/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

သီတဂူဆရာတော်ကြီး နှင့် R.F.A လက်ပံတောင်းတောင် မေးမြန်းခန်း

R.F.A မေး - လက်ပံတောင်းတောင်စုံ စမ်းစစ်ဆေးရေးကော် မရှင်အဖွဲ့ရဲ့ အပြီး သတ်အစီရင်ခံစာအရ လက် ပံတောင်း တောင်မှာ လယ်တီဆရာတော်ဘုရားကြီး သတင်း သုံးခဲ့တဲ့ အထောက်အထားတွေ ခိုင်လုံမှုမရှိဘူးလို့ဆိုပါတယ် ဘုရား။ အရှင် ဘုရားအနေနဲ့ရော ဘယ်လိုများလေ့လာ မိ ပါသလဲဘုရား။

သီတဂူဆရာတော် - လယ်တီဆရာတော် ဘုရားကြီးသတင်းသုံးခဲ့တာတော့ မှန်တယ် လေကွာ။ သတင်းသုံးခဲ့ကြောင်းကို အဲဒီ ဘယ်နေရာမှာ ဘယ်လိုနေသွားတယ်ဆို တဲ့ ကျောင်းတို့ စေတီပုထိုးတို့ ဆိုတာ ရှာမရတာတစ်ခုပါပဲ။

R.F.A မေး- တစ်ဝါလောက်ပဲဝါဆိုခဲ့တဲ့ သဘောမျိုးတွေ့ရတယ်လို့ ရေးထားပါ တယ်ဘုရား။

သီတဂူဆရာတော်- မှန်တယ်။ တစ်ဝါ လောက်ပဲဝါဆိုခဲ့တယ်။ သမိုင်းတစ်လျှောက် လုံးမှာ လယ်တီ ဆရာတော်လက်ပံတောင်း မှာနေခဲ့တယ်။

R.F.A မေး - လက်ပံတောင်းတောင် ကြားတောရစင်္ကြံကျောင်းမှာပေါ့ဘုရား။ စေတီ၊ သိမ်ကျောင်းတွေအပါအ၀င်ဗုဒ္ဓ သာသနိက အဆောက်အအုံတွေအောက် မှာ ကြေးနီသတ္ထုသိုက်ကြီး ရှိတဲ့အတွက် အဲဒီသာသနိကအဆောက်အအုံတွေကို ပုံစံမပျက်ပေါ့ဘုရား။ တခြားနေရာတွေ မှာ ပြောင်းရွှေသင့်တယ်ဆိုပြီးတာ့ စုံစမ်း စစ်ဆေးရေးအဖွဲ့အစီရင်ခံစာထဲမှာ အကြံ ပြုထားတာတွေ့ရ ပါတယ်ဘုရား။ အရှင် ဘုရားအနေနဲ့ရော ဒီအကြံပြုချက်က သင့်တော်တယ်လို့မြင်ပါသလားဘုရား။

သီတဂူဆရာတော် - အဲဒီလို လုပ်တာတွေ က လုပ်သွားဖူးတဲ့ accident ပေါ့။ အဲဒါ တွေအများကြီးရှိတယ်။ လုပ်သွားဖူးတယ်။ ရွှေတိဂုံတို့လိုမှာ ရွှေစည်းခုံတို့လိုစေတီကြီး တွေမှာဆိုရင်တော့ မရွှေ့နိုင်ဘူး။ နေသွား တဲ့ကျောင်းတို့၊ သမိုင်းကျောင်းမှာသက်တမ်း မရှည်သေးတဲ့ စေတီတို့ရွှေ့တာတွေ ဘာတွေရှိတယ်။ ကမ်္ဘာမှာရှိတယ်။ အဲဒါ ကြောင့်မို့လို့ ဒို့ဆရာတော်ကြီးများဘက်က လဲပဲနိုင်ငံတော်ရဲ့ အလွန်ကြီးမြတ်တဲ့ အကျိုးစီးပွားတစ်ခုရဲ့ ရေရှည်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိုမျှော်ပြီးတော့ ဆရာတော် ကြီးတွေကလဲပဲငါတော့ သည်းခံတော်မူ ကြလိမ့်မယ်၊ ခွင့်လွှတ်တော်မူကြလိမ့်မယ် လို့ ငါကတော့ ဒီလိုပဲ ယုံကြည်မျှော်လင့် တယ်။ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းနဲ့၊ စွန့်လွှတ်ခြင်းကတော့ ငြိမ်းချမ်းရေးရဲ့ အခြေခံအကြောင်းပဲကွ၊ အဲဒါကြောင့် မို့ အကုန်လုံးကို ငါလဲတောင်းပန်ချင်တာ။

R.F.A မေး - စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အပြီးသတ်အစီရင်ခံစာထွက်ပေါ်လာပြီး နောက်ပိုင်းမှာပေါ့ဘုရား။ အရှင်ဘုရားလဲ ကြားမှာပေါ့။ ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်း ပေးဖို့ဆိုတဲ့ ဆန္ဒပြပွဲတွေလဲ ပြင်းပြင်းထန် ထန်ပေါ်လာခဲ့တယ်ပေါ့ဘုရား။ အရှင် ဘုရားအနေနဲ့ ဒီနောက်ပိုင်းအခြေအနေ တွေကို ဘယ်လိုတွေများခြုံငုံသုံးသပ်မိပြီး ဘယ်လိုတွေများ ဖြစ်သင့်တယ်လို့မြင်ပါ သလဲဘုရား။

သီတဂူဆရာတော် - အဲဒီလိုဆန်္ဒတွေ ထွက်ထွက်ပြတိုင်း ဒီလိုနိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေ ဟာ ပြန်ပြန် သွားရမယ်ဆိုရင် အဲဒီက ဟိုးနောက်ကြောင်းကို နောက်ပြန် ကြီးပြန်မောင်းသလိုဖြစ်သွားလိမ့်မယ်။ အဲဒါကို သိပ်သတိထားဖို့လိုတယ်။ ဒို့နိုင်ငံ တော်က ဆူးခင်းတဲ့ခရီးကြမ်းကြီးကို လျှောက်လှမ်းတာ ကြာပြီး ကွ။ နှစ်ပေါင်း (၆၀) ရှိပြီ။ ခုခါမှ ပန်းခင်းတဲ့လမ်းကို ဘယ်လိုလျှောက်မလဲလို့ စရုံလေးရှိသေး တယ်။

ဒီမိုကရေစီဆိုလိုက်တာနဲ့ အုံးအုံး ကျွတ်ကျွတ်ဆန္ဒတွေထပြီးတော့ပြလိုက် ကြတဲ့ကိစ္စကို အဲဒါတွေကြောင့် သာဟုတ် လား။ စီမံကိန်းတစ်ခုပြီးတစ်ခုတစ်ခုပြီး တစ်ခုရပ်နေရမယ်ဆိုရင် International Investment ဆိုတာရဖို့မလွယ်ဘူးကွ၊

အဲတော့ ငါအခုက ပုဂံမှာ ပုဂံရာဇ၀င် တွေကို မင်းပြန်ကြည့်နော်၊ အလွန်တရား အစိတ်စိတ် အမွှာမွှာဖြစ်နေတဲ့ ကွဲကွဲပြား ပြားဖြစ်နေတဲ့ မြန်မာနိုင်ငံတော်ကြီးကို ပထမဆုံးစည်းရုံးခဲ့တာ အနော်ရထာ ကွ။ အနော်ရထာစည်းရုံးတဲ့နိုင်ငံတော်ကြီး ပျက်စီးပြီးတော့ ဖရိုဖရဲပြန်ဖြစ်သွားတာ သီဟပတိတို့ လက်ထက်ပဲ။ အဲဒီသီဟပတိ မင်းကို သမိုင်းမှာ အရေးခံရတယ်နော်။ တရုတ်ပြေးမင်းလို့ရေးထားတယ်။ အဲဒါနဲ့ သီဟပတိရဲ့ ရှေ့နားမှာနော် (၅၅) နှစ် မြောက်မင်းဖြစ်မယ်။ အဲဒီမင်းတစ်ပါးကို နရသူလို့ဆိုပြီးတော့ မင်းတစ်ပါးရဲ့ သမိုင်း ကိုဖတ်ကြည့်။ သူ့ကိုကုလားကျမင်းလို့ ပြောထားတယ်။ အဲတော့ နရသူတို့ သီဟပတိ တို့ တရုတ်ပြေးမင်းတို့ ကုလား ကျမင်းတို့ဆိုတဲ့ ဒီမင်းတွေရဲ့ သမိုင်းဟာ မှတ်တမ်းတင်တယ်။

ဒီနာမည်နှစ်ခုကို ကြားရခြင်းဖြစ်ပဲ နာမည်ကသမိုင်းမှာ ဘယ်လောက်တောင်ဆိုးနေသလဲဆိုတာ မင်းတို့ သိရမယ်။ အဲတော့ ဗမာနိုင်ငံတော် ကြီးပြိုကွဲပျက်စီးမှာ အဲလိုပြိုကွဲပျက်စီးတဲ့ နိုင်ငံတော်ကို ပြန်လည် စည်းရုံးတာက အောင်ဇေယျ၊ ဦးအောင်ဇေယျစည်းလုံး လို့ ရန်တွေအကုန်ကုန်လို့ ရန်ကုန် ဆိုတာ တောင်တည်ထောင်ပြီးတော့ ဦးအောင်ဇေ ယျလက်ထက်လည်းပြီးရောဦးအောင်ဇေ ယျ သားတွေ၊ မြေးတွေအဆက်ဆက်လည်း ဆက်လက်၍အုပ်ချုပ်လိုက်ကြတာ သီပေါလက်ထက်လဲကြရော တိုင်းပြည်က ပြိုပြန်ရော။ သီပေါလက်ထက်မှာ ပြိုသွား တဲ့ တိုင်းပြည်ကို အင်္ဂလိပ်လက်အောက် မှာ နှစ်ပေါင်းတစ်ရာကျော်နေပြီး အောင်ဆန်းတို့နဲ့ တကွခေါင်းဆောင်ကြီး တွေက ပြန်ပြီးတော့ ရအောင် ယူခဲ့ကြတာ။

အဲဒီလောက်တိုင်းပြည်ကိုအသက်စွန့်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ်္ဂိုလ်တွေက အလိုလို သေတာတွေကြီး မဟုတ်ပဲ အောင်ဆန်းတို့ ဆိုရင်အသတ်ခံလိုက်ကြရတာ၊ အဲဒီကနေ စပြီးတော့ တိုင်းပြည်ဟာ ဒီကနေ့ အထိ နှစ်ပေါင်း (၆၀) ကျော်ကျော်တစ်ခါတည်း စူးခင်းတဲ့ခရီးကြမ်းကြီးကို လျှောက်လှမ်း လာခဲ့ကြ တာ အောင်ဆန်းသမီးဘွားဆို ပေါ်လာတဲ့ အခုအချိန်ကြတော့မှ စူးခင်း သောလမ်းမှ ပန်းခင်းသော လမ်းကိုစတော့ မလို Golden Myanmar ဆိုတဲ့ လူတွေ က Golden Gate ကို Golden Key နဲ့ ဖွင့်တော့မလိုလုပ်သမ္မတဦးသိန်းစိန်နဲ့ မစု တို့နှစ်ယောက်လက်တွဲကြတဲ့အချိန်မှာ ဒီအနည်းငယ်မျှသော အကျိုးစီးပွားကို ကြည့်ပြီးတော့ ဒီပဋိပက္ခတွေသည်းမခံနိုင် လောက်အောင်ဖြစ်ကြတဲ့ကိစ္စကို ငါက တော့ တောင်းပန်ချင်တယ်။

အားလုံးပန်း ခင်းသောလမ်းကို ခပ်မြန်မြန်လျှောက်နိုင် အောင် Golden Gate ကို မြန်မြန်ကြီးဖွင့် ကြအောင် စွန့်လွှတ်ကြပါ။ ခွင့်လွှတ်ကြ ပါ။ သည်းခံကြပါ။ တစ်ယောက်အပြစ် တစ်ယောက်တွေ ကို မေ့ပျောက်ပြီးတော့ လက်တွဲကြပါလို့ငါကတော့ အဲဒါကို အလေးအနက်ထားတောင်းပန်ချင်တယ်။

R.F.A မေး - တင့်ပါဘုရား။ ဆရာတော် ကြီးခုနက အမိန့်ရှိသွားသလို ဒီဆန္ဒပြပွဲ တွေပေါ်လာတိုင်း ဆန္ဒပြသူတွေတောင်းဆို တိုင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရပ်သင့် ဘူးဆိုရင်ပေါ့ဘုရား။ အလားတူ မျိုးပြဿ မျိုးရေရှည်အနာဂတ်မှာမပေါ်ပေါက် အောင်ပေါ့ဘုရား ဘယ်လိုတွေများနည်း နာတွေ နဲ့ ဆောင်ရွက်သွားသင့်တယ်လို့ မြင်ပါသလဲဘုရား။

သီတဂူဆရာတော် - လက်ပံတောင်းကို ဟိုး ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရလက်ထက်က လုပ်ခဲ့တာ အစိုးရကို (၄) ဆက်လောက် ပြောင်းပြီ။ အဲဒီတုန်းကထဲက သေသေ ချာချာရေရေရာရာမလုပ်ပဲနဲ့ ဖြစ်ကလက် စမ်းလုပ်ခဲ့တဲ့အတွက်ကြောင့် နောက်အစိုးရ အဆက်ဆက်ရော၊ အခုမစုတို့လက်ထက် အထိ တအားအကုန်လုံးခါးစီးပြီးခံနေကြ ရတာပဲ။ အဲဒါရေရေရာရာပီပီပြင်ပြင်စာချုပ် မယ်ဆိုကထဲကိုက ဘာသာရေးပတ်ဝန်း ကျင်တို့၊ လူမှုရေးပတ်ဝန်းကျင်တို့၊ သဘာ ၀ပတ်ဝန်းကျင်တို့ အဲဒါတွေကို အကုန်လုံး ကြည့်ပြီး စီစစ်ပြီးတော့မှ စာချုပ်စာတမ်း တွေကို ချုပ်ဆိုဖို့လိုတယ်။ အဲတော့ တရုတ်နဲ့ လုပ်တာတွေက အဲဒီလိုတွေ လုပ်သွားလို့ဖြစ်မှာပေါ့ကွ။ အဲဒီလိုစာချုပ် တွေစာတမ်းတွေ စနစ်တကျလုပ်ပြီး Environment ကာကွယ်ရေးတို့၊ ဘာသာ ရေးကာကွယ်မှုတို့၊ စောစောထဲက ဒါတွေ ကို Research လုပ်မထားဘူး၊ ဘာသာရေး အဆောက်အဦရှိသလား၊ မရှိဘူးလား၊ ပြီးရင်ဒါကို ဘယ်လိုအစားပြန်ပေးမလဲ၊ စနစ်တွေ မရှိခဲ့တဲ့အတွက်ကြောင့် ဒီဆူပူ မှုကြီးဖြစ်တာ အဲဒါကြောင့်စနစ် အရေး ကြီးတယ်ကွနော်။

R.F.A မေး - ဆရာတော်ကြီးခုနက အမိန်ရှိသွားသလို ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ လုပ်နေ တဲ့ နိုင်ငံရေးပေါ့ဘုရားတိုင်းပြည်ကောင်း ကျိုးအတွက် တူတာတွေတွဲလုပ်ကြမယ် ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ဆရာတော်ကြီးအနေနဲ့ အားရမိပါသလား ဘုရား။

သီတဂူဆရာတော် - အေးရာနှုန်းအပြည့် တော့ ဘယ်အားရမှုရှိအုံးမယ်မလဲကွာ၊ ဒါအလားအလာကို ကြည့်ပြီးတော့ အားရစရာတော်တော်များများရှိပါတယ်။ ရာနှုန်းပြည့်ကတော့ မရှိသေးပါဘူး။ အခု တစ်ရပ်နှစ်ရက်အတွင်းမှာ ပါလီမန်သတင်း တစ်ခုထွက်လာတယ်။ သူရဦးအေးမြင့်ဆို တဲ့ ၀က်လက်မြို့နယ် အမတ်တစ်ယောက်ကလည်း အဆိုတင်သွင်းတယ်။ အခြေခံဥပဒေကို ပြင်ဆိုဖို့လို့ပြီ။ ပြင်ဆင်ရေး အတွက် ကော်မတီဖွဲ့ပါ။ လွှတ်တော် သဘောတူဆုံးဖြတ်လိုက်တယ်။ အဲဒီလို အလားအလာလေးတွေ ရှိတယ်။

R.F.A မေး - ဗမာပြည်လက်ရှိသွားနေတဲ့ အခြေအနေအရပေါ့ဘုရား။ ရှေ့လျှောက် ကောင်းတာတွေ များလာနိုင်တယ်လို့မြင် ပါလားဘုရား။

သီတဂူဆရာတော် - အေးကောင်းတာတွေ များလာမယ်လို့ပဲ မြင်ပါတယ်။ လူတွေများ များကြီး သည်း ခံနိုင်လေကောင်းတာတွေ များလာလေပဲ။ များများကြီးမသည်းခံနိုင် ရင်တော့ ကောင်းတာတွေများလာမှာ မဟုတ်ဘူး။

R.F.A မေး - ဆရာတော်ကြီးဦးတင်ပါတယ် ဘုရား။

သီတဂူဆရာတော် - အေးကွာ Thank You ပါကွာ။
“သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ”

ဒေါက်တာအရှင်ဉာဏိဿရ (Ph.D,D.Litt)

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။