/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

မိတ္ထီလာတွင် တင်းကြပ်စွာ ကိုင်တွယ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမို တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

"အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားတယ်" ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီ ကို ပြောဆိုသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ယနေ့မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စလမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦးအထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်း များအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြော ကြားသည်။

ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူအများအပြား ရိုက်နှက်ခံရသည် ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက် မနည်း သေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီ သို့ ပြောသည်။

1 comment:

  1. အမေစုကို ဘာ့ကြောင့် ကုလားတွေနဲ့တွဲ ပြီး မဟုတ်မမှန်တဲ့ သီးတင်းတွေနဲ့ စွတ်စွဲနေရတာဗျာ တစ်ကယ်မသိလို့ပါ အစ်ကိုတို့ ဖြစ်ချင်တဲ့အတိုင်း မဖြစ်ခဲ့လို့ အမေစုကို အပုတ်ချနေတာလား...သူ့မှာလဲ အခတ်အခဲတွေနဲ့ ရင်ဆိုင်နေမယ်လို့ တစ်ခါမှ မတွေးမိဘူးလား တစ်ကယ်မသိလို့လား ကလေးတစ်ယောက်လို တောင်းဆိုနေတာလား...ဒါဆိုရင်တစ်ခုမေးမယ်...လက်ရှိအုပ်ချုပ် မင်းလုပ်နေတဲ့ သူကရော ဒီအရေးတွေကို မသိလို့လား...လစ်လျူရှုထားတာလား...
    သူ့ကျတော့ရော သူမရှင်းနိုင်တဲ့ အရာတွေကျတော့ရော ခင်ဗျားတို့ သူ့ကို ရိုဟင်ဂျာ နဲ့စက်နွယ်နေပါတယ်လို့ တစ်ခါလောက် မကောင်းကြောင်းရေးဘူးလား..တစ်ခါလောက် ဝေဖန်ဘူးလား
    ဘယ်ဝေဖန်ဘူး ရေးဖူးပါ့မလဲ....myanmar localNews ဆိုတာ အုပ်ချုပ်သူကိုကြောက်နေရတဲ့ တစ်ကယ့် အကြီးစား အချောက် ဂိုဏ်းချုပ် ကြီးပဲဟုတ်စာ...အချောက်မှ ရိုးရိုးအချောက်မဟုတ်ဘူး ဘယ်သူတွေ ဘာတွေဖြစ်နေတယ် သီတင်းယူ ....ယူပြီးရင် နွမ်းပါးတဲ့ ဘက်ကို အတင်းတုတ်....အာဏာ(သို့)ပိုက်ဆံရှိတဲ့ အဖွဲ့စည်းဘက်ကနေဘက်လိုက်...ဒီလိုပဲ ကျွန်တော်တို့ ပြည်သူတွေကတော့ ဒီအတိုင်းပဲမြင်တယ်...ရိုးရိုးအချောက်မဟုတ်ဘူး နှစ်ဖက်ချွန် (......) ခံတဲ့ အချောက်....ကိုယ့်ကိုကို မြန်မာ့သွေး မြန်မာ့ဂုဏ်ကိုဖော်ချင်ရင်တော့ ခင်ဗျားတို့ရဲ့ သွေးထိုးမှုတွေ တဖက်စောင်းမှုတွေကို ရပ်ပါတော့လို့ ပြည်သူတွေဘက်ကနေ တောင်းဆိုပါရစေ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။