/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင် ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မိတ္ထီလာမြို့ အမှတ် (၂)ရဲစခန်းကို ဒီကနေ့ညနေ ၆ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ပြဿနာအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါတယ်။

ယခုအခါ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ မိတ္ထီလာ အဓိကရုဏ်း စုံစမ်းရေးကော်မရှင်အဖွဲ့သည် အဓိကရုဏ်းဖြစ်ပွားရာနေရာများကို လှည့်လည် ကြည့်ရှုနေကြောင်း သိရသည်။


No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။