/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန် အတွက် တရားဝင်ဆန္ဒပြရန် တုံရွာမှစာတင်ပြီ

မတ်လ ၁၁ရက်တွင်ထုတ် ပြန်ခဲ့သော လက် ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးအပြီးသတ် အစီ ရင်ခံစာကိုဒေသခံများကန့်ကွက် ခဲ့စဉ် လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှစုံစမ်း စစ်ဆေးရေး အပြီးသတ်အစီရင်ခံစာကို မကျေနပ် လျှင် တရားဥပဒေ အတိုင်းတရားဝင်ဆန္ဒပြနိုင်သည် ဟု ပြောဆိုခဲ့သည့်အတိုင်း မတ်လ ၁၈ရက်တွင် တုံရွာကျေးရွာအုပ်စု မှမဌေးဦးနှင့်မခင်ဌေးနွယ်တို့ ဦးဆောင်၍ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် စီတန်းလှည့် လည်ရန်သွားရောက် စာတင် ခဲ့ ကြောင်းသိရသည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဖြတ်သိမ်းပေးရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရန် အတွက် စာသွားတင်ခဲ့သည့် မဌေးဦးက ““ကျွန်မတို့က ဒေါ် အောင်ဆန်းစုကြည်ပြောသွားခဲ့ တဲ့အတိုင်း တရားဝင် စာသွားတင်တာပါ၊ ကျွန်မတို့စာတင်တာကို လက်ခံရင်ကောင်းတာပေါ့၊ လက်မခံခဲ့ရင်လည်း လက်ပံတောင်း တောင် ကြေးနီစီမံကိန်းဖြတ်သိမ်း ပေးရေးအတွက် နေ့စဉ်ဆန်္ဒပြသွား မှာပါ”” တုံရွာကျေးရွာ အတွက် အသက် ၄၀ ၀န်းကျင်ခန့်ရှိသော မဌေးဦးကပြောသည်။

အဆိုပါစီတန်းလှည့်လည်ရန် စာတင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆားလင်းကြီးရဲစခန်းမှဒုတိယရဲ မှူးကြီး ဦးတင်ထွန်းက ကျွန်တော်တို့ကတော့ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာပါ၊ ခွင့်ပြုစာတင်တာကို ခွင့်ပြုခြင်းမပြုခြင်းက တော့ ၄၈ နာရီနှစ်ရက်အတွင်း အကြောင်းပြန်မှာပါဟု ဒုရဲမှူးကြီး ဦးတင်ထွန်းက ဖြေ ဆိုခဲ့သည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင်ရှိသော ကျေးရွာ(၂၆)ရွာတွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအား လက်မခံကြသည်မှ ရွာ ၂၆ ရွာလုံး နီးပါးဖြစ်နေ ပြီး ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီးနေ့စဉ်ဆန္ဒပြမည်ဖြစ် ကြောင်း စီမံကိန်းပြောင်းရွှေ့သွား သည့် ၀က်မှေး ရွာသစ် ဆည်းတည်း ရွာသစ်စသည်တို့မှ ရွာသူ/ရွာ သားအများစုကလည်း မြေလျော်ကြေးအား သွားရောက်မယူကြ ကြောင်းဒေသခံများထံမှ သိရ သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။