/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 3, 2014

.

" NDF ပါတီရဲ့ နိဂုံး"ရေးသားသူ ဆောင်းပါးရှင် စည်သူအောင်မြင့်ကို အရေးယူပေးရန် NDF ပါတီက တိုင်ကြား

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ၁၀၊ အမှတ်၂၄တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် စည်သူအောင်မြင့် ရေးသားသည့် " NDF ပါတီရဲ့ နိဂုံး" အမည်ရှိ ဆောင်းပါးရေးသားမှုကြောင့် ဦးစည်သူအောင်မြင့်ကို အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင်သို့ တိုင်ကြားထားကြောင်း ဇူလိုင်၂ရက်တွင် ပါတီက ထုတ်ပြန်လိုက်သည်။


ထိုဆောင်းပါးနှင့် ပတ်သက်၍ ဆောင်းပါးရှင် စည်သူအောင်မြင့်က အဆိုပါဆောင်းပါးနှင့် ပတ်သက်သည့် ခိုင်လုံသော သက်သေ အထောက်အထားများဖြင့်သာ ရေးသားခဲ့သည် ဟုလည်း မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဆောင်းပါးရေးသားမှုကြောင့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို အရေးယူဆောင်ရွက် ပေးရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ နှင့် NDFပါတီ ဌာနချုပ်က ဇူလိုင်လ ၁ ရက် ရက်စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။

ဦးစည်သူအောင်မြင့်က “ သူတို့ပြောထားတာကတော့ ရေးထားတဲ့အထဲမှာ ပါတဲ့အချက်တွေက မမှန်ဘူးတို့ အသရေဖျက်တယ်တို့ ဆိုတာ မပါပါဘူး။ ဝေဖန်စာ ရေးသူ တစ်ယောက်အနေနဲ့လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိလို့ရေးတာပါ။ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ စဉ်းစားထား ပြီးသားပါ။ ” ဟု ပြောသည်။

တိုင်ကြားစာပေးပို့ထားသည့် နေရာများအနက် ရွေးကောက်ပွဲကော်မရှင်သည် ဆောင်းပါးနှင့်ပတ်သက်၍ သက်ဆိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ခေါ်ယူမေးမြန်းပါက သွားရောက်ဖြေရှင်းသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှုး ဦးကျော်မင်းဆွေက “ တိုင်ကြားစာကိုလည်း လက်ခံရရှိ ထားပါတယ်။ ခေါ်ယူညှိနှိုင်းပေးမှာပါ”ဟု ပြောသည်။

NDF ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် ဆောင်းပါးပါ ရေးသားချက်များသည် ပါတီ၏ လက်ရှိ လုပ်ဆောင်နေသည့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ပြည်သူများအတွက် လုပ်ဆောင်နေမှုများ အပေါ် စာဖတ်သူများကို အဆိုးမြင်စေကြောင်းဖော်ပြထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။