/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 3, 2014

.

ရေစိုနေသည့် AIR CON အားကိုင်မိရာမှ ဓါတ်လိုက်သေဆုံး

၁.၇.၂၀၁၄ ရက်နေ့ ၁၄၀၅ အချိန် ဒဂုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် ဆေးရုံကြီးတွင် အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ ပန်းရံ အလုပ်လုပ်ကိုင်သူ မောင်ဝေလင်းအောင်ဖြစ်ပြီး ၀ဲလက်ဖ၀ါးနှင့် ၀ဲလက်သန်းတို့တွင် အရေပြား ပွန်းစုတ်ဒဏ်ရာ၊ ယာခြေသန်းတွင်ညိုမဲဒဏ်ရာများ ရရှိ ထား သည်ကိုတွေ့ရှိရပါသည်။


ဖစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် ရေချိုးခန်း အိမ်သာ ပြုပြင်ဆောက်လုပ်နေသော ပန်းရံအဖွဲ့တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၁၃၀၅ အချိန်ခန့်က အဆိုပါ နေအိမ်ရှိရေချိုးခန်းတွင် ပြူတင်းပေါက် တပ်ဆင်ရန်အတွက် ဆောက်ရွက်နေစဉ် ၎င်း၏နောက် ဘက်ရှိနံရံတွင် တပ်ဆင်ထားသော မိုးရေစိုနေသည့် AIR CON အား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက် ကာ ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Credit: Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။