/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 30, 2014

.

ဒေါ်အောင်ဆန်းစုကြည်အတွက်အမှိုက်တစ်ခုရှင်းသွားသော်လဲ အမှိုက်တစ်ခုကျန်ရှိနေသေး



ဟံသာဝတီဦးဝင်းတင် သေဆုံးသွားတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမှိုက်တစ်ခု ရှင်းသွားတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ်လူတစ်ဦးက ပြောပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ဦးဝင်းတင်က ဘယ်အရာကိုမဆို အကောင်းမြင်ခြင်းထက် အဆိုးမြင်ဝါဒတွေ ဖုံးလွှမ်း နေ ပါတယ်။ဒါပေမယ့် သူပြောတာတွေက အမှန် တရားတွေဖြစ်နေ တတ်ပါတယ်။ မှန်တာတွေ ပြောလွန်းလို့လဲ လူတိုင်းနဲ့ မတည့် ဖြစ်ခဲ့ရပါတယ်။ ပြောရမယ်ဆိုရင်တော့ ပုံပြင်ထဲက အဖွားအိုတစ်ယောက်လိုပါပဲ။


အဖွားအိုဟာမှန်တာတွေပြောလွန်းလို့ ရွာပြင်ထုတ်ခံထားရပါသတဲ့။ တစ်နေ့တော့ ခရီးသွားတစ်ယောက် ဟာမျက်စိလည်လမ်းမှားပြီးအဲဒီအဖွား ထံရောက်သွားခဲ့ပါတယ်။ ရွာပြင် တဲတစ်လုံးထဲမှာ တစ်ယောက် ထဲရှိ နေတဲ့အဖွားအိုကို သနားစိတ်ဝင်ပြီး ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲနေတာလဲ မေးလိုက်ပါတယ်တဲ့။ အဖွားအိုကတော့ အကြောင်းစုံပြောပြတာပေါ့။ သူကမှန်တာတွေပြောလွန်းလို့လူတွေမကြိုက်တဲ့အကြောင်း ဒါကြောင့်ရွာအပြင်ထုတ်ခံရတဲ့အကြောင်းပြောပြပါတယ်။

အဲဒီမှာတင် ခရီးသွားလူငယ်က မှန်တာပြောတာကို လူတွေလက်ခံရမှာပေါ့။ ရွာလူကြီးတွေကို ဒီလိုမလုပ် သင့်ကြောင်းအခုပဲသူသွားပြောမယ်ဆိုပြီး အဖွားအိုရဲ့တဲထဲကနေ ရုတ်တရက်ထွက်သွားလိုက်ပါသတဲ့။ လူငယ် ထွက်သွားတာပြီးခပ်လှမ်းလှမ်းရောက်တဲ့အခါမှာ အဖွားအိုက “ဟေ့..မျက်စိတစ်ဖက်မကောင်းတဲ့ သူငယ်၊ ခြေထောက်ခွင်နေတဲ့သူငယ်၊ ဒီမှာ မင်းရဲ့ခမောက်ကလေးပြန်လာယူဦး” လို့လှမ်းအော်လိုက်ပါ သတဲ့။နေပူထဲသွားတဲ့အခါ ခမောက်မပါရင်ဒုက္ခရောက်မှာ စိုးလို့ စေတနာနဲ့လှမ်းပြော လိုက်တာပါပဲ။

ခရီးသွားလူငယ်ဟာတကယ်ပဲမျက်စိတစ်ဖက်ကန်းနေပြီးခြေတစ်ဖက်လဲခွင်နေတာကြောင့် မှန်တာပြောလို့ စိတ်ဆိုးသွားတာပေါ့။ ဒီတော့သူငယ်က အဖွားအိုကို “အင်း..ရွာလူကြီးတွေက ခင်မျာကို ရွာပြင်ပဲ ထုတ် ထားတာ တော်သေးတာပေါ့ ကျုပ်တာဆိုသတ်ပစ်လိုက်ပြီ”လို့ ပြောလိုက်ပါသတဲ့။ ပုံပြင်လေး ကတော့ ဒါပါဘဲ။

ဇာတ်လမ်းအစကိုပြန်သွားရရင်ဦးဝင်းတင်ဟာ တက်လာတဲ့အစိုး ရတွေရဲ့အပြစ်တွေကိုပြောရုံနဲ့ အားမရသေးဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြစ်တွေပါပြောလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က နေကြည့်ရင် ခရီးသွားလူငယ်ပြော သလိုပဲပြောလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်လဲ အခုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အမှိုက်တစ်ခုရှင်း သွားခဲ့ပါပြီ။ သေသွားပြီးတဲ့ သူအတွက် ဘယ်လိုပဲ ချီးမွမ်းခံတွေဖွင့်ဖွင့်၊ သေတဲ့သူကတော့ဘာမှသိနိုင်တော့တာမဟုတ်ပါဘူး။ တကယ်တော့(၈၅)နှစ်ဆိုတာ ပျမ်းမျှ သက်တမ်းအရ ဆိုရင် အရမ်းငယ်လွန်းတယ်တော့ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်အမှိုက်တစ်ခုကျန်ပါသေးတယ်။ အဒီအမှိုက်ကြီးကတော့ ဘာနဲ့ တူသလဲဆိုရင် ကျောင်းထိုင်ဘုန်းကြီးသေလို့ သရဲကြီးဖြစ်သွားတဲ့ဖြစ်ရပ်လိုပါပဲ။ ဒါကကျေးရွာတစ်ရွာမှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုပါ။ (ဘာသာရေးအရ အနှောင့်အသွား မလွတ်ဖြစ်ခဲ့ရင်ခွင့်လွှတ်ပါ) အဟောအပြောကောင်းတဲ့ဘုန်းကြီးဆိုတော့ လာဘ်လာဘရွှင်ပါတယ်။ ဘုန်းကြီးကလဲငွေ(၀တ္ထု)ကိုမြေကြီး မှာမြှုပ်ထားပြီးစုဆောင်းပါတယ်။အဲလိုနဲ့မမျှော်လင့်ဘဲ ဘုန်းကြီး ပျံတော်မူပါတယ်။

သရဲသဘက်ကြီးဖြစ်ပြီး အဲဒီကျောင်းဝင်းထဲမှာပဲနေပါတယ်။ တော်ရုံပရိတ် ရွတ်ဖတ်ရုံနဲ့မရပါဘူး။ ပြောချင်တာက သူရဦးတင်ဦးပါ။ စစ်တပ်ကလာတဲ့သူဖြစ်ပြီး တပ်မကောင်းကြောင်းပြောရုံတင်မ ဟုတ်ဘဲ ဒေါ်အောင် ဆန်းစုကြည်နဲ့ စစ်တပ် ကို အဆင်မပြေအောင်လုပ်နေသူပါ။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ တည့်အောင် ပေါင်းချင်တယ်။

ဒါကိုဦးတင်ဦးကသဘောမကျဘူး။သူလဲဒေါ်အောင်ဆန်းစုကြည်အတွက် အမှိုက်တစ်ခုပါပဲ။ အမှိုက်ဆိုတာ တစ်နေ့ထဲ လေထဲလွင့်မျှောပါသွားမှာ မို့ စောင့်မျှော်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပါ။ ။

အောင်ဗလ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။