/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 30, 2014

.

ဆိုင်ကယ်မှ ရပ်ထားသောယာဉ်ကို ၀င်ရောက်တိုက်မိ၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံး



၂၈.၄.၂၀၁၄ရက်နေ့ ၀၅၄၅အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂)လမ်း အတိုင်း ရှမ်းတဲကြီးအထက် ကျေးရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ သက်တင်ဦး(၂၃)နှစ်၊ (ဘ)ဦးကျော်ခိုင်၊ ရှမ်းတဲကြီးအောက်ကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူစီးနင်းမောင်နှင်လာသော ၁၄ယ/—- KEMBO-125 အနက်ရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၃)အနီး အရောက် အရှိန်လွန်ကာ ယာဘက်လမ်းဘေး၌ ရပ်ထားသော ယာဉ်မောင်း မောင်မြင့်ကျော်မောင်းနှင်သည့် ၄ခ/—၊ နစ်ဆန်း ယူဒီ (၆)ဘီးယာဉ်၏ နောက်ပိုင်းအား ၀င်ရောက် တိုက်မိခဲ့ပါသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုက်ကယ်ပျက်စီးပြီး ဆိုင်ကယ် မောင်းနှင်သူ သက်တင်ဦးတွင် နဖူးနှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ လည်ပင်းပွန်းခြစ်၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ သက်တင်ဦးအား ဒါးပိန်းနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။