/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 1, 2014

.

စစ်တွေမြို့နယ်က မွတ်စလင်တချို့ ရိုက်တဲ့အတွက် ရဲတစ်ဦးသေဆုံး



စစ်တွေမြို့နယ် ​မှန်စီကျေးရွာအနီးမှာ ​လုံခြုံရေး တာဝန်ယူနေတဲ့ ​ရဲဝန်ထမ်းနှစ်ဦးကို ​မွတ်စလင် ​အုပ်စု တစ်စုက ​၀ိုင်းရိုက်တဲ့အတွက် ​ရဲတစ်ဦး သေဆုံးပြီး ​ကျန်တဦးက ​စစ်တွေဆေးရုံကြီးမှာ ​အရေးပေါ် ​ဆေးဝါးကုသမှုခံနေရတယ်လို့ ​ဒေသခံ တွေက ​ပြောပါတယ်။


ဒီဇင်ဘာ(၃၀)ရက်နေ့ ​ညနေလေးနာရီ လောက် တုန်းက ​ရခိုင်သုဿန်ကိုဖျက်ဆီးနေတဲ့ ​ဘင်္ဂလီ ​ရိုဟင်ဂျာ ​တွေကို ​အဲဒီနေရာမှာ ​တာဝန်ကျတဲ့ ​ရဲတပ်သားနှစ်ဦးက ​ဟန့်တားခဲ့ရာကနေ ​ရိုက်နှက်မှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အခုလက်ရှိ ​အဲဒီနေရာမှာ ​တာဝန်ကျနေတဲ့ ​ရဲအရာရှိတစ်ဦးရဲ့ ​ပြောပြချက်အရ ​ ရခိုင်နဲ့ ​တရုတ် သုဿန်တွေကို ​ဘင်္ဂလီ ​ရိုဟင်ဂျာတွေက ​ဖျက်ဆီးနေတာကြာပြီဖြစ်ကြောင်း၊ ​မဖျက်ဆီးရအောင်ဆိုပြီး ​လုံခြုံရေး ​ရဲတပ်သား ​နှစ်ယောက် ​အစောင့်ချထားပြီး ​သုဿန်အဆောက်အဦးတွေကို ​ဖျက်ဆီးသူတွေကို ​ရဲတွေက ​ဖမ်းတဲ့အခါမှာ ​အနားမှာရှိတဲ့ ​မွတ်စလင် ​အမျိုးသမီးတွေက ​ရဲဖမ်းနေတယ်၊ ​လာကြ ​လာကြလို့ ​အော်ဟစ်ပြီးနောက် ​တခြားလူတွေ ​ရောက်လာပြီး ​အဲဒီရဲနှစ်ယောက်ကို ​ရိုက်နှက်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ရိုက်နှစ်မှုကြောင့် ​တစ်ဦးသေဆုံးပြီး ​နောက်တစ်ဦးကိုတော့ ​ဆေးရုံတင်ထားရပါတယ်။

အဲဒီအရိုက်ခံရတဲ့ ​ရဲတပ်သားနှစ်ဦးဟာ ​အသက်(၂၀)၀န်းကျင်တွေဖြစ်ပြီး ​စစ်တွေမြို့ကို ​ပြောင်းလာ တာ မကြာသးဘူးလို့လည်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။