/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 27, 2014

.

မိကျောင်းကန်မြေကို ပြန်မပေးဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြော



အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃ္န်းကျွန်း မြို့နယ် မိကျောင်းကန် မြေနေရာ တွေဟာ တပ်ပိုင်မြေတွေ ဖြစ်ပြီး စစ်မှုထမ်း ဟောင်း အိမ်ရာတွေ ဆောက်လုပ်ဖို့ ရှိတဲ့ အတွက် ပြန်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖေါ် ပြော လိုက်တယ်လို့ သိရပါတယ်။


မိကျောင်းကန် မြေနေရာကိစ္စနဲ့ ပတ်သက်လို့ သင်္ဃ္န်း ကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်ကနေ တဆင့် မေးမြန်းခဲ့တာကို ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ပြန်ဖြေခဲ့တာလို့ ဆိုပါတယ်။

မိကျောင်းကန် မြေနေရာတွေ ကိစ္စကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာပါ။

အခုကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မိကျောင်းကန် မြေကိစ္စ ဆန္ဒပြသူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံ ဒီကနေ့မှာပဲ သွားရောက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဒီကိစ္စကို လွှတ်တော်မှာ မကြာခင် တင်ပြဆွေးနွေးမယ်လို့ စုံစမ်းရေး ကော်မရှင်က ပြန်ပြောခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဘီဘီစီကို ပြောပါတယ်။

သင်္ဃ္န်းကျွန်း မိကျောင်းကန် က အိမ်ထောင်စု တထောင် နီးပါး ပိုင်တဲ့ မြေကွက် တွေကို တပ်မတော် မှတ်တမ်း ရုံး အတွက် ဆိုပြီး တပ်မ ၂၂ နယ်မြေခံ ငြိမ်ဝပ် ပိပြားရေး အဖွဲ့နဲ့ စစ်ထောက်လှမ်းရေး တွေက ၁၉၉၁ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ လို့ ဆိုပါတယ်။

သိမ်းဆည်း ခံရတဲ့ မိကျောင်းကန် မြေနေရာက မြေတွေဟာ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။