/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, January 5, 2014

.

နိုင်ငံသားဖြစ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်

ကျွှန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မိခင်ကြီးလို့ သတ်မှတ်ခံထား ရတဲ ဒေါ်စုအောင်ဆန်းစုကြည်ဟာ သူမရဲ့ သားနှစ်ယောက် နိုင်ငံသားဖြစ်ရေးနဲ့ ပတ် သတ် ပြီး အင်မတန်စိတ်ဒုက္ခ ရောက်နေရတယ်လို့ သိရပါတယ်..........


ဘာ့ကြောင့်လဲဆိုတော့ သူမရဲ့ သားနှစ်ယောက်သာ မြန်မာနိုင်ငံသား အဖြစ် ခံယူလိုက်မယ်ဆိုရင် သူမဟာ ၂၀၁၅ အတွက် သမ္မတနေရာကို ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံနိုင်တော့မှာဖြစ်ပါတယ်..........


ဒါပေမယ့် သူမဟာ သားနှစ်ယောက်ကို စည်းရုံးရန်အတွက် အတော် အကျပ်အတည်း ဖြစ်နေ ပါတယ်.....ဘာကြောင့်လဲဆိုတော့.......... ပထမအချက်က ကျွှန်တော်တို့ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါး တဲ့ နိုင်ငံမှာ ကျွှန်တော်တို့လို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေနဲ့ မထိတွေ့/မဆက်ဆံစေချင် လို့ပါ..........

နောက်တစ်ချက်က သူမရဲ့သားနှစ်ယောက်ကို နိုင်ငံသား ခံယူရန် အတွက် ထိရောက်အောင်/ နားဝင် အောင် စည်းရုံးပြောဆိုရန် မရနိုင်လို့ပါ.......... အဲဒါကြာင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားနှစ်ဦး မြန်မာ နိုင်ငံသားအဖြစ် ခံယူရေးလို့ ဆိုလိုက်တာနဲ့ အနာပေါ်တုတ်ကျသလို ခါးခါးသီးသီးငြင်းဆိုနေ ပါတယ်..........

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တယ်ဗျာ......

(၁) ကျုပ်တို့ပြည်သူတွေ ဆင်းရဲပေမယ့် အမျိုးကိုချစ်တက်ပါတယ်.....

(၂) ကျုပ်တို့နိုင်ငံဟာ ခေတ်မမှီသေးပေမယ့် ယဉ်ကျေးပါတယ်.....

(၃) သန်း၆၀သော ပြည်သူတွေနဲ့ တသားတည်းဖြစ်ဘို့ သားနှစ်ယောက်ကို စည်းရုံးသင့်ပါတယ်.....

(၄) လူထုကိုဦးဆောင်ဘို့ မိသားစုကို အရင်ဦးဆောင်ပါ.....

(၅) တိုင်းပြည်ကို ဦးဆောင်ဘို့အတွက် မိသားစုလိုက် တိုင်းပြည်ကို ချစ်ပြပေးပါ.....

From: ဇင်ယော်နီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။