/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 19, 2013

.

လူငယ်အင်အား ရှိသလောက် ဆောင်ရွက်ခွင့်မပေးသည့် မြို့နယ်ကော်မရှင်များကို အရေးယူမည်ဟု NLD ရန်ကုန်တိုင်းအမှုဆောင်ဥက္ကဋ္ဌ သတိပေး

၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လူငယ်ညီလာခံအတွက် သက်ဆိုင်ရာမြို့နယ်များရှိ လူငယ်အင်အားကို ရှိသလောက် ဆောင်ရွက်ခွင့်မပေးသည့် မြို့နယ်ကော်မရှင်များကို အရေးယူသွားမည် ဟု NLD ရန်ကုန်တိုင်းအမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးက သတိပေးပြောကြားသည်။


ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစား သောက်ဆိုင်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ ဒုတိယအကြိမ်တွေ့ဆုံ ညှိ နှိုင်း အစည်းအဝေးတွင် ဦးမြင့်ဌေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ကော်မရှင် ၄၃ ခုကို ဖွဲ့စည်း ထားကြောင်း၊ ယင်းကဲ့သို့ ဖွဲ့စည်းရာတွင် မြို့နယ်အမှုဆောင်များကို မပါအောင် တတ်နိုင်သမျှ ဖွဲ့စည်းထား သော်လည်း မပါမဖြစ်ပုံစံမျိုး ပါဝင်နေကြသည်များ ရှိနေကြောင်း၊ ယင်းအခြေအနေတွင် မြို့နယ်အမှုဆောင် များ အနေဖြင့် မြို့နယ်အမှုဆောင်နှင့် မြို့နယ်လူငယ်ညီလာခံ ကော်မရှင်ကြားတွင် လွန်ဆွဲပြီးလူငယ်များ ကို ထိန်းချုပ်ထားသည့် မြို့နယ်များ ရှိနေသည်ဟု သိရကြောင်း၊ လူငယ်ညီလာခံကို ကြန့်ကြာနှောင့်နှေး အောင် ဆောင်ရွက်နေသည်များကိုလည်း တွေ့ရကြောင်း၊ လူငယ်အင်အားကို မမှန်မကန် တင်ပြမှုများ ရှိပါ က အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။