/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 10, 2013

.

ဘင်္ဂါလီလူမျိုးနှစ်ဦး ကို တောလမ်းမှ ခေါ်ဆောင်လာစဉ် ဖမ်းမိ



တမူးမြို့နယ် တွင် တစ်ဖက်နိုင်ငံ မိုရေးမြို့ မှ တစ်ဆင့် ကလေးမြို့ သို့ ပို့ဆောင်ရန် တောလမ်း အတိုင်း လမ်းလျှောက်ရန် ဘင်္ဂါလီ လူမျိုးနှစ်ဦး ခေါ်ဆောင် လာသူကို ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီခွဲ က သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ တမူးမြို့ ရဲစခန်းမှ နယ်ထိန်း ဒုတိယ ရဲအုပ် မျိုးမြင့်ဆွေ ဦးစီး၍ တမူး အခြေစိုက် လူဝင်မှု ကြီးကြပ်ရေး မှ လ၀ကမှူး ဦးသန်းလှအောင် တို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တမူးမြို့နယ် ထန်းတပင် ကျေးရွာ နှင့် မန်းမော် ကျေးရွာ အကြား လယ်ကွင်း၌ ဘင်္ဂါလီ လူမျိုးများ တွေ့ရကြောင်း သတင်းအရ သွားရောက် ရှာဖွေခဲ့ရာ တမူးမြို့ ဈေးတန်း ၁၂ ရပ်ကွက်နေ မလဲ့လဲ့ဝင်း က မိုရေးမြို့ မှ တစ်ဆင့် ကလေးမြို့ သို့ ပို့ဆောင်ရန် တောလမ်း အတိုင်း လမ်းလျှောက် ခေါ်ဆောင် လာသည့် ဘင်္ဂါလီ လူမျိုး မာမွတ် ဆော်လိန်း (ဘ) ဦးဒူလာမွတ် နှင့် ကော်ရိန်း (ဘ) ဦးနူးရူး တို့နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက် အရ မလဲ့လဲ့ဝင်း သည် ဘင်္ဂါလီ လူမျိုး နှစ်ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မိုရေးမြို့မှ ကလေးမြို့သို့ ပို့ဆောင်ပေးရန် အတွက် မိုရေးမြို့နေ ဒေါ်အီဂျဲ က ပို့ဆောင် ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ မလဲ့လဲ့ဝင်း ပါ ၃ ဦးကို တမူးမြို့ ရဲစခန်း က (ပ) ၁၁၈/ ၂၀၁၃ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)/ ၂၀၁၃ (၅) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။