/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 10, 2013

.

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်



၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန် မရမ်းကုန်း မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူမရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၎င်းကုန်တိုက်၏အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအား မီးပလပ် ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့် မီးငြိမ်း သတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊ စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့်ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူကို----အပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။