/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 26, 2013

.

ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး၊ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးအတွက် တပ်မတော်(ရေ)က တာဝန်ယူထား



ရခိုင်ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်တွင် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး အတွက် ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို တပ်မ တော်(ရေ)မှ ထမ်းဆောင်နေ ကြောင်း သတင်းရရှိသည်။


ရသေ့တောင်မြို့နယ် အငူမော်မှ နတ်မြစ်ဝနှင့် နတ်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေးအတွက် ယခင်နယ် စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက)အား ဖျက်သိမ်းပြီးနောက်ပိုင်း တပ်မတော်(ရေ)မှ ဆက်လက် တာဝန်ယူ ထားကြောင်းနှင့် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ နိုင်ငံနှင့် ဆက်စပ်နေသည့် ရေလမ်းကြောင်း များမှတစ်ဆင့် ကျူးလွန် လာသည့် မှုခင်းများကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရခိုင် ပြည်နယ်တွင် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူ ဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်းရဲ တပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲဆိပ်ကမ်းများတွင် လည်းကောင်း ဖြန့်ခွဲဆောင်ရွက် သွားရန်ရှိပြီး လက်ရှိ အချိန်တွင် ပြင်ဆင်ဆဲ အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း တပ်မတော် (ရေ)မှ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်း ဆောင်နေစဉ် လက်နက်ကိုင်များ၏ စက်လှေတစ်စီးအား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁နာ ရီအချိန်ခန့်က မယူမြစ်ဝရှိ မေယုကျွန်းအနီး မသင်္ကာဖွယ် လှေ တစ်စီးအား တပ်မတော် စစ်ရေယာဉ်မှ မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မပြုဘဲမောင်းနှင် ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင် အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီးရမိ ခဲ့ ကြောင်းနှင့် အဆိုပါလှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ် ၁၆ မောင်းပြန်ရိုင်ဖယ်တစ်လက် နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး စ္စတိုသေနတ်တစ်လက်နှင့်ကျည်အိမ်တစ်ခုတို့အားသိမ်းဆည်း ရမိ ခဲ့သော်လည်း လှေပေါ်တွင် လိုက်ပါလာသူများအား လိုက်လံဖမ်းဆီးစဉ် လှေပေါ်မှ ခုန်ချထွက်ပြေး သွားကြောင်း သိရသည်။ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ပင်လယ်ပြင်လုံခြုံရေး အနေအထားအရ ငါးဖမ်းလှေ များမှာ စိတ်ချလက်ချ ငါးဖမ်းဆီးနိုင်ခြင်း မရှိသည့်အပြင် လူမှောင်ခို ဂိုဏ်းများနှင့် လက်နက်မှောင်ခို ဂိုဏ်း များ၏ စက်လှေများ ၀င်ထွက်ဖွယ်ရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

 နတ်မြစ်အတွင်း လုံခြုံရေး တာဝန်ယူနေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်အား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။