/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 26, 2013

.

လက်ပံတောင်းဒေသ မီးလောင်သံဃာများအတွက် လှူဒါန်းထားငွေကို ဥူးဝီရသူက ခွဲဝေပေးမည်

လက်ပံတောင်းဒေသ သပိတ်စခန်းဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိ ထားသော အလှူငွေကျပ် သိန်း၅၅၀ခန့်ကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်တစ်ပါးဖြစ်သူ ဥူး ဝီရသူက နိုဝင်ဘာလ ၂၇ရက် နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းရှိ ရွာဦးဘုန်းကြီး ကျောင်း၌ ခွဲဝေပေးအပ်မည်ဟု ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက မဇ္ဈိမကို ပြောသည်။


မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ မြန်မာငွေ ၅၀,၁၉၆, ၂၆၀သိန်း၊ အမေရိကန်ဒေါ်လာ၃,၃၅၀(မြန်မာငွေ ၃,၂၄၉,၅၀၀၊ ထိုင်းဘတ်ငွေ၅၀,၀၀၀ (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။

ထိုငွေများသည် သပိတ်စခန်းများအား အာဏာပိုင်များက ဖြိုခွင်းခြင်းကြောင့် သံဃာတော်များ မီးလောင် ဒဏ်ရာရရှိခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်က စတင်ကာ 'မီးလောင်ဒဏ်ရာ ကူညီစောင့်ရှောက် ရေးအဖွဲ့'က ကောက်ခံထားခြင်းဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ ဆေးရုံမှဆင်းပြီးနောက်ပိုင်းတွင် ကောက်ခံရရှိသော အလှူငွေများကို ဆရာတော်ဥူးဝီရသူအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုငွေများကို မီးလောင်ဒဏ်ရာရရှိခဲ့သော သံဃာတော်များသို့ မည်ကဲ့သို့ခွဲဝေလှူဒါန်းမည်ကိုမူ ဆရာတော် က မိန့်ကြားခြင်း မရှိသေးပေ။

မီးလောင်ဒဏ်ရာရပြီး ထိုင်းနိုင်ငံအထိ သွားရောက်ဆေးကုသရသော သံဃာတော်တစ်ပါးဖြစ်သည့် ဆရာ တော် ဥူးတိက္ခဥာဏက "မီးလောင်ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရ သံဃာတော်တွေ ရွေးချယ်တဲ့အခါမှာ ဆေးရုံတက်ရတဲ့ ရက်အကြာကိုကြည့်ပြီး သတ်မှတ်ရွေးချယ်ခဲ့တာ ဖြစ်တယ် "ဟု မဇ္ဈိမကို မိန့်ကြားသည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက်၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့် ဒေသခံများကို အာဏာ ပိုင်များက ဖြိုးခွင်းခဲ့ခြင်းကြောင့် မုံရွာဇောတိကရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာတော် ၈၈ ပါး၊ ပခုက္ကူမြို့ အလယ်တိုက်ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာ ၅ ပါးနှင့် ဒေသခံ ၃ ဦးခန့် မီးလောင်ဒဏ် ရာ ရရှိခဲ့သည်။

မဇ္ဈိမ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။