/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 26, 2013

.

အစ္စလာမ် ဗလီများအား အင်ဂိုလာ အစိုးရ စတင်ဖျက်ဆီးဖျက်ဆီးပြီ



25.11.2013

အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ် ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသ လိုက်တာဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီး တစ်ခုဖြစ်တဲ့ http://www.onislam.net/ အတိ အလင်း ဖေါ်ပြလိုက်ပါတယ်။


လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေး အဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံ တစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိ ပါတယ်။

အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ “ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊ ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း ” တရားဝင် ပြောကြားလိုက်ပါတယ်။ လုအန်ဒမြို့တော်ရှိ ဗလီနှစ်လုံးကိုလည်း ဖျက်သိမ်းရန် အမိန့်ရထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

မူရင်းလင့် http://www.onislam.net/english/news/africa/466297-angola-bans-islam-destroys-mosques.html

ကြေးမုံသတင်းစာ(facebook)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။