/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 11, 2013

.

ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြမည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်



အောက်တိုဘာ ၁ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြ မည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်ဟု သိရသည်။


အစိုးရအဖွဲ့မှ ခွင့်ပြုဘတ်ဂျက်ဖြင့် မလုံလောက်၍ ထပ်မံတင်ပြလာသည့် ထပ်တိုးတောင်းခံငွေများကို အောက်တိုဘာလတွင် ပြန်လည်စတင်မည့် လွှတ်တော်၌ စိစစ်ခွင့်ပြု သွားမည်ဟု ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ သိရသည်။

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က "အောက်တိုဘာလမှာ ပြန် လည်စတင်မယ့် လွှတ်တော်အစည်းအဝေးမှာ ဘတ်ဂျက်ကိစ္စတွေ ပါပါမယ်။ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက်အသုံးစရိတ်တွေကို ပြီးခဲ့တဲ့ ဧပြီလ မတိုင်ခင်မှာ ခွင့်ပြုပေးခဲ့တယ်။ အဲဒီခွင့်ပြုပေးခဲ့တဲ့ ဘတ်ဂျက် ကို သုံးစွဲပြီးနောက် တချို့မလုံလောက်တာတွေ၊ အရေးပေါ် ဆောင်ရွက်ဖို့ပေါ်လာတဲ့ကိစ္စတွေအတွက်ဘတ် ဂျိက်ထပ်မံ တောင်းခံမှုတွေကို အခုလာမယ့် လွှတ်တော်မှာ တင်ရပါမယ်။ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ကော် မတီ အနေနဲ့ စိစစ်ခွင့်ပြုသွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က"ဘတ်ဂျက် မှာ မူလ BE ဆိုတဲ့ ပထမအဆင့် ရှိတယ်။ အခုလာမယ့် လွှတ်တော်မှာက RE (ထပ်တိုးနောက်ဆက်တွဲ ဘတ်ဂျက်)ကို အစိုးရက ထပ်တင်ပြမှာ။ မူလက လွှတ်တော်က ငါးကျပ်ခွင့်ပြုတယ်။ မလောက်လို့ နောက် ထပ်တစ်ကျပ်ထပ်တောင်းရင် စုစုပေါင်း ခြောက်ကျပ်ဖြစ်မယ်။ အဲဒါ စုစုပေါင်းဘတ်ဂျက် ဖြစ်မယ်" ဟု ပြောကြားသည်။

ထို့ပြင် အခြားဥပဒေပြု အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများလည်း ဆောင်ရွက်ဖွယ် ရှိနေသည်။

"လွှတ်တော်နားတဲ့ ကာလအတွင်း ပြည်ထောင်စုလွှတ်တော် နယကကြီးလည်း ခရီးတွေတောက်လျှောက် ထွက်နေတယ်။ ခရီးစဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကိုလည်း လွှတ်တော်မှာ ဆောင်ရွက်နိုင်တယ်။ ပြီးတော့ နာယကက ဥပဒေပြုတာကို များများဆောင်ရွက်ဖို့ ပြောထားတာ ရှိပါတယ်" ဟု ဦးအေးမောက်က ဆက် လက်ပြောကြားသည်။

လာမည့်လွှတ်တော်သည် အနည်းဆုံး တစ်လမှ နှစ်လ၀န်းကျင်အထိ ကြာမြင့်နိုင်သည်ဟု သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီအနေဖြင့် လာမည့်လေးလအတွင်း အစီရင်ခံစာတင် သွင်းရမည်ဖြစ်ရာ လာမည့်လွှတ်တော်တွင်လည်း ကော်မတီတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစီအရင်ခံစာအတွက် ပြင်ဆင်မှုများ စတင်ရမည် ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဘတ်ဂျက်များနှင့် ပတ်သက်၍ သက် ဆိုင်ရာ ၀န်ကြီးဌာနအလိုက် တင်ပြလာပါက စနစ်တကျ စိစစ်လျက်ရှိပြီး အသေးစိတ်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် စာရင်းစစ် အဖွဲ့များအပြင် လွှတ်တော်ကပါ စနစ်တကျ စိစစ်လျက် ရှိသည့်အတွက် နိုင်ငံတော် စီမံကိန်းကြီးများအတွက် ချထာပေးခဲ့သည့် ဘတ်ဂျက်များသည် အဟောသိကံ ဖြစ်သည်ဟုသေ ချာပေါက်ပြော၍ မရနိုင်ကြောင်း သတင်းထောက်များသို့ ပြောကြားသည်။

 ဓါတ်ပုံ - ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်လာသည့် 
ကိုယ်စားလှယ်များအား အခမ်းအနား မစမီ တွေ့ရစဉ် 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။