/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 11, 2013

.

သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူကတုံ့ပြန်

“ဦးဇင်း ဝီရသူဟာ စစ်သည် ၅သိန်းအား ရှိပါတယ်”ဟု ၉၆၉ အပေါ် မဟန၏ ဆုံးဖြတ်ချက်ကို ဦးဝီရသူက တုံ့ပြန်မိန့်ကြား

၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန် လိုက်ပါတယ်။


ဦးဝီရသူ မွတ်ဆလင်တွေနဲ့ လက်တွဲမယ်ဆို

========================

By BBC Burmese ၉၆၉ လှုပ်ရှားမှုကို ကျယ်ပြန့်လာအောင် လှုံ့ဆော်သူလို့ နာမည်ကြီးတဲ့ မစိုးရိမ် တိုက်သစ် နာယက ဆရာတော် အမျိုးသားရေးဝါဒီ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိ ကရုဏ်းတွေ ထပ်မဖြစ်အောင် မွတ်ဆလင် ဘာသာဝင်တွေနဲ လက်တွဲပြီး ဆောင်ရွက်သွား မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ကေသာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဒီနှစ်ထဲကစလို့ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာလည်း မွတ်ဆလင် ဆန့်ကျင်ရေး ပြင်းထန်တဲ့ စကားတွေ ဟောခဲ့တာတွေ ရှိပါတယ်။ဒီနေ့မှာတော့ သူဟာ ဥပဒေမဲ့ တုံ့ပြန်တာတွေ မလုပ်ဖို့ကို နိုင်ငံအနှံ့ ကျယ်ပြန်စွာ ဟောပြောပို့ချပါမယ်လို့ ကတိပြုပြီး အစ္စလာမ် ဘာသာဝင်တွေ ပါဝင်တဲ့ ကွန်ယက်နဲ့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးဝီရသူနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ရွှေကြည်တို့က ပူးတွဲပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပက်သတ်လို့ အဓိက သဘောထား ထုတ်ပြန်ကြတာ ဖြစ်ပြီး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ နှစ်ဘက် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ ပြောသွားပါတယ်။

ဦးဝီရသူဟာ မွတ်ဆလင်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးအတွက် အခုလို လုပ်မယ်လို့ ပြောတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင် ဆန့်ကျင်ရေးတွေ ပြောခဲ့တယ် ဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။အခု ရက်ပိုင်းမှာ ဦးဝီရသူကို နေ့စဉ် ဖုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေပြီး အခုလို မွတ်ဆလင်တွေနဲ့ တွေ့ဆုံပြီး အဓိကရုဏ်းတွေ တားဆီးဖို့ လုပ်တာဟာ အဲဒီ ခြိမ်းခြောက် ခံရမှုတွေနဲ့တော့ မပတ်သက်ဘူးလို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။

BBC Burmese

http://www.bbc.co.uk/burmese/burma/2013/09/130910_wirathu.shtml

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။