/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 12, 2013

.

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ တောင်ကြီးမြို့တွင်သာ ပြုလုပ်မည်

တတိယအကြိမ်အဖြစ် ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ခွင့်ပြု ချက် မကျလျှင်လည်း မူလရည်ရွယ်ထားသည့် တောင်ကြီးမြို့တွင်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။


အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟို တယ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ပွဲကျင်းပခွင့်ရရန် သြဂုတ် ၂၄ ရက်ကတည်းက ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ခွင့်ပြုချက် လျှောက်ထားခဲ့ကာ ကြိုတင်စီစဉ်မှုများ ပြုလုပ်နိုင်ရန်အတွက်နှစ်ပတ်အတွင်းအကြောင်း ပြန်ပေးရန် မေတ္တာရပ်ခံ ခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြု ချက် မကျသေးကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် မရပါကလည်း စီစဉ်ထားပြီး ဖြစ်သည့်အတွက် အဆိုပါ ရက်အ တိုင်း ပင် တောင်ကြီးမြို့၌ ပြုလုပ်သွားမည်ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ညွန့်က ဆိုသည်။

"စုံစမ်းရသလောက် ပြည်ထောင်စု အစိုးရအဖွဲ့ကို မိတ္တူပို့တယ်လို့ ပြောတယ်။ ၀န်ကြီးဦးအောင်မင်းတို့နဲ့ တရားဝင် ကမ်းလှမ်းထားတာဆိုတော့ မကျစရာတော့ မရှိဘူးထင်တယ်။ မကျရင်လည်း ပြောင်းဖို့မလွယ် တော့လို့ တောင်ကြီးမှာပဲ အဲဒီရက်အတိုင်း လုပ်မယ်" ဟု ဦးစိုင်းခင်မောင်ညွန့်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။