ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေ ဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆွေး
နွေး မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပညာရှင်များ၏ အမြင်သဘောထားများကို သိရှိနိုင်ရန် ဖွဲ့စည်းပုံ အခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး စာတမ်းဖတ်ပွဲ တစ်ခုကို ပြုလုပ်ထားကြောင်း ဦးဌေးဦးက ပြောကြားသည်။
"ကျွန်တော်တို့ စာတမ်းဖတ်ပွဲပေါ်မှာ မူတည်ပြီး ဆွေးနွေးပါ့မယ်။ ဒါကိုလေ့လာနေပါတယ်။ အားလုံးသမိုင်း
ကြောင်းကစပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစပေါ့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖြစ်ပေါ်လာတဲ့ အခြေအနေ
တွေ အားလုံးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွေက ကိုယ်တိုင်လေ့လာနေပါ တယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။
စာတမ်းဖတ်ပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် မည်ကဲ့သို့ ဆက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍မူ အများ စုကသာ စဉ်းစားဆုံးဖြတ် သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြော၍မရကြောင်း ဦးဌေးဦးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်တွင်း ပါဝင်သော ပါတီတစ်ခုစီ၏ လွှတ်တော်ကိုယ်စားလှယ် အချိုး ကျစီဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်း ထားပြီး အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်
စားလှယ် ၅၂ ဦးအထိ ပါဝင်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး ပါဝင်နေသည်။
အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့မှာလည်း ပြည်ခိုင်ဖြိုး ပါတီမှပင်ဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ယူ မည့် သူရဦးရွှေမန်းမှာ လက်ရှိပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အနေဖြင့် လေ့ လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်
သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး ချိန်အထိ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ၎င်းတို့ရေးဆွဲမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းများကို လွှတ်တော်
တွင်း တွင်သာမက အစိုးရက ပြောကြားထားသည့် လွှတ်တော်ပြင်ပ ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ခေါ်ယူဖြစ်ပါကလည်း ကိုင်စွဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား လူငယ်တွေ့ဆုံပွဲနှင့်
လူငယ်စွမ်းရည်မြှင့်တင်ရေး အစည်းအဝေး၌ တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။