/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 8, 2013

.

ပါတီနိုင်ငံရေးထက် ၀မ်းရေးခတ်နေသော NLD ပါတီဝင်လူငယ်များ



(၁-၇-၂၀၁၃)ရက်နေ့တွင် NLD ပါတီ အဖွဲ့ချုပ်တွင် ပါတီဝင် လူငယ်များကို နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ သင်တန်းသား (၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ လူငယ်များအနေဖြင့် အစပိုင်းဖွင့်လှစ်သည့် သင်တန်း များသို့တက်ရောက် ခဲ့ကြသော်လည်း နောက်ပိုင်း ဖွင့်လှစ်သည့် သင်တန်းများတွင်တက် ရောက်နိုင်ခြင်းမရှိ တော့ကြောင်း သိရှိရပါသည်။


သင်တန်းတွင် သင်ကြားနေသော ဘာသာရပ်အများစုသည် ၄င်းတို့၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် မကိုက်ညီခြင်း၊ နားမလည်ခြင်း လက်တွေ့အသုံးချနိုင်သော လုပ်ငန်းစဉ်များ ပါဝင်မှုမရှိခြင်း တို့အပြင် သင်တန်းသားအများစု မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာခြင်း တို့အပြင် နေ့စဉ် ၀င်ငွေ့များပါထိခိုက် လာကြောင်း သင်တန်းသား တစ်ဦးဖြစ်သူ တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်မှ NLD လူငယ် ကိုမင်းမင်းမှ ဖွင့်ဟပြောကြားလာပါသည်။

သင်တန်းသားအများစုသည် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ပုံမှန်နေ့ စဉ်ဝင်ငွေရရှိအောင် လုပ်ငန်းခွင်သို့ ဆင်းနေကြရပြီး ပါတီအရေးထက်မိသားစုအရေးကို ဦးစားပေးရမည် ဆိုသည်ကို ပါတီဝင် လူငယ်အများစုမှ သဘော ပေါက်နေကြပြီဖြစ်ကြောင်း၊ NLD အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးသင်တန်းများ အစား၊ လူငယ်များကို ဝင်ရောက်လုပ်ကိုင်နိုင်မည့် လုပ်ငန်းများတွင် အထောက်အပံ့ဖြစ် စေနိုင်သော သင်တန်းများကိုသာ ဖွင့်လှစ်သင်ကြားပေးသင့်ကြောင်း အဆိုပါသင်တန်း တက်ရောက်နေသော NLD ပါတီဝင် လူငယ် အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုနေကြကြောင်း သိရှိရပါသည် ။

Credit : http://www.khitthitmyanmar.com/2013/07/nld.html?zx=d34c33f91320dfa3

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။