၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက် မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစု အသီးသီး အပြင်သွားနေခဲ့ကြသဖြင့်နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင် သီရိမိုးဦး မှာ အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် ၀၁၀၀ အချိန် ခန့်တွင် သမီးဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက် ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်း သို့တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက် ခဲ့ရာပြစ်မှု ကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံ တွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊ သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ ရန်ကုန်မြို့ သို့ လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ ၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့ နယ်၊ အောင်မင်္ဂလာ လမ်းဘက်သို့ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန် တိုင်ပင် ခဲ့ကြ သည်။
အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိ ကွမ်းယာဆိုင်၌ စောင့်နေခဲ့ကြ ကြောင်း ၊ငွေများခြိမ်းခြောက်တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုး သမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်ပြစ်မှုကျူး လွန်းစဉ် အတူပါဝင်သူများအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ
ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ) ဦးစိန်လှ ၊ ညောင်တုန်းရပ်ကွက်၊ ဇင်မောင်မောင်(ခ)အသေး ၊(ဘ)ဦးတင်ဝင်း၊ ရာဇသင်္ကြန်ရပ်ကွက် ၊ ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။