/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 8, 2013

.

နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ



July 7, 2013

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေ တွေကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီအာရေးဘီးယား၊ ဂျာမနီ၊ ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက် လေ့လာခဲ့ ကြပါတယ်။


ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ ရေရှည် ဆောင်ရွက် ရမယ့်ကိစ္စရပ်တွေကို အဓိက လာရောက်လေ့လာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့် ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

“အခုကသူတို့ မောင်တော မီးလောင်တဲ့နေရာကိုသွားတယ် တချို့ကလည်း မရောက်ဖူးတဲ့သူတွေပါတာကို ဗန္ဓုလရွာကိုသွားတာကို သူတို့ကတော့ ဒီကဒုက္ခသည်တွေကို ရေရှည်ဘယ်လိုလုပ်မလည်းဆိုတာက အဓိကပါ”

အဲဒီသံအရာရှိတွေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ မောင်တော မြို့နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြတာပါ။

ဒါ့အပြင် မနက်ဖြန်မှာလည်း တခြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

မူရင်းလင့်ခ် ။ ။ http://on.fb.me/1d5MQ8l

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။