/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 29, 2013

.

မန်း NLD ၏ ဒုတိယမြောက်အခမဲ့ ဆေးခန်း သြဂုတ်လတွင် ထပ်မံဖွင့်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မန္တလေးမြို့တွင် ဒုတိယမြောက် ကုသိုလ်ဖြစ်ဆေးခန်း မေတ္တာ ကြည်ဖြူ အခမဲ့ ဆေးခန်းကို အောင်မြေသာစံမြို့နယ်တွင် သြဂုတ်လ ၁၀ ရက်တွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း NLD ရပ်/ကျေးဥက္ကဋ္ဌ ဦးစိုးနိုင်က မဇ္ဈိမကို ပြော သည်။


“ကျွန်တော်တို့ နေ့စဉ်ကုန်ကျ ငွေတစ်သိန်းခွဲခန့်မှန်းထားပါတယ်။ ဒီထက်လည်း ပိုနိုင်ပါတယ်။ ဆေးခန်း မလာနိုင်တဲ့ လူနာတွေကို အိမ်တိုင်ရာရောက် ကုသပေးမယ့် စနစ်တစ်ခုလည်း လုပ်ဆောင်ထားပါတယ်” ဟု ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။ ထိုဆေးခန်းတွင် အထွေအထွေရောဂါများအပြင် အသေးစားခွဲစိတ်မှု များကိုပါ တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်သည်။

အရေးကြီးသော လူနာများအတွက် လိုအပ်လျှင် ဆေးရုံတင်၍ ကုသပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ဆေးခန်းအတွက် ဆရာဝန် ငါးဦးက အလှည့်ကျကုသပေးမည်ဖြစ်ပြီး ဆေးခန်းတာဝန်ခံအဖြစ် ဒေါက်တာဟိန်းထက် က ဆောင်ရွက်ပေးမည်ဖြစ်သည်။

“ဒီအခမဲ့ဆေးခန်းဖွင့်ဖို့ ရည်ရွယ်နေတာကြာပါပြီ။ ဒီအရပ်တွေက လက်လုပ်လက်စားများတယ်။ သာမန် ဖျားရုံ၊ နာရုံကို ဆေးဖိုး မတတ်နိုင်ကြဘူး။ မဖြစ်သင့်တာတွေဖြစ်တယ်။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကုန်တယ်။ ဒါတွေကို မြင်တွေ့တာများလာတော့ စိတ်မကောင်းဘူး။ ကူညီချင်လာတယ်။ အဓိကကတော့ ကျန်းမာရေး စောင့်ရှောက်ပေး ချင်တာ သက်သက်ပါပဲ” ဟု ဥက္ကဋ္ဌ ဦးစိုးနိုင်က မဇ္ဈိမကိုပြောသည်။

NLD ၏ မန္တလေး အောင်မြေသာစံမြို့ နယ်တွင်ပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက မင်းတဲကြယ်ဖြူ ကုသိုလ်ဖြစ် ဆေးခန်း ကို ဖွင့်လှစ်ခဲ့သေးသည်။ ထိုဆေးခန်းဖွင့်လှစ်ပြီး တစ်နှစ်ပြည့်မြောက်ချိန်တွင် လူနာ ၅၇၀၀ ခန့် ကို အခမဲ့ဆေး ကုပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း တာဝန်ခံဦးမျိုးလွင်က မဇ္ဈိမကို ပြောခဲ့ဖူးသည်။

source: http://www.mizzimaburmese.com/news/breaking-newsbrief/12856--nld-----.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။