/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 29, 2013

.

ပင်လည်ဘူးမြို့နယ် မံတန်ကျေးရွာတွင် မူးယစ်ဆေးဝါး (၁၆)သိန်းကျော်ဖိုး ဖမ်းဆီးရမိ


0

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မံတန်ကျေးရွာတွင်မူးယစ်ဆေးဝါး များဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။


ဇူလိုင် ၁၆ ရက် ၁၂ နာရီခန့် တွင် ရဲတပ်ဖွဲ့က သတင်းအရ မံတန်ရွာနေ ဦးကျန်ပေါ်၏ နေ အိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်ပေါ်တွင် အိမ်ရှင် ကျန် ပေါ်၊ စန်းနွယ်၊ စန်းငယ်တို့ (၃) ဦးအား အသင့်တွေ့ရှိပြီး စန်းငယ် ၏အိပ်ခန်းအတွင်းရှိ သစ်သား သေတ္တာအတွင်းမှ အနက်ရောင် ကြွတ်ကြွတ်အိတ် ဖြင့် ထုတ်လျက် မူးယစ်ဆေးဝါးများနှင့် စန်းနွယ် အိပ်ခန်းအတွင်းရှိ သေတ္တာအ တွင်းမှ မူးယစ်ဆေးဝါး ရောင်းရငွေ များ စစ်ဆေးတွေ့ရှိ့ရသည်ဆို၏။

ဖမ်းဆီးရမိသောသက်သေခံ ပစ္စည်းများမှာ ပင်နယ်ဆလင် ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသော ဖြူမှုန့်အလေးချိန် (၀.၂၅)ဂရမ်စီးပါ ပုလင်း (၁၂) လုံး၊ အစိမ်းရောင်အဖုံး၊ အပြာ ရောင်အောင်ခံ ဆပ်ပြာခွက် အ တွင်း ပလတ်စတစ်ဖြင့် ထုတ် လျက် ဘိန်းဖြူဟုယူဆရသော အဖြူမှုန့် အလေးချိန် ၁၃ ဂရမ်ပါ (၁)ခွက်၊ ငွေစက္ကူရောရာ (၄၅၀၀၀ိ/)အပြာရောင်ပိုက်ဆံ အိတ် (၁)လုံး၊ အနက်ရောင် ကြွတ်ကြွတ် အိတ် (၁)လုံး၊ လက် ကိုင်ကွင်းပါ အနက်ရောက်ကြွတ် ကြွတ်အိတ် (၁) လုံးတို့ဖြစ်ပြီး ကာလတန်ဖိုး (၁၆) သိန်း ကျော် ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ် ကိုင်ဆောင်သူ မစန်းနွယ်(ခ) မနွယ် ၃၂နှစ် (ဘ) ဦးကျန်ပေါ်၊ တောင်သူ၊ မံတန်ကျေးရွာ၊ ပင် လည်ဘူးမြို့နယ်၊ မစန်းငယ်၊ ၃၀ နှစ် (ဘ) ဦးကျန်ပေါ်၊ တောင်သူ၊ မံတန်ကျေးရွာ၊ ပင်လည်ဘူးမြို့ နယ်နှင့် ကျန်ပေါ် (၆၆)နှစ် (ဘ) ဦးဝမောင်၊တောင်သူ၊ မံတန်ကျေး ရွာ၊ ပင်လည်ဘူး မြို့နယ်နေသူတို့ အား မယ(ပ)၃၃/၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ ဖမ်းဆီးအရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။