/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 9, 2013

.

တည်ဆောက်ဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျမှုဖြစ်ပွား


7.8.16

သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား ၏ ပင်မကွန်ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်း ရရှိသည်။


ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြိုကျခဲ့သော ကွန်ကရစ်တိုင်မှာ သမိုင်းမှ လှိုင်သာယာသို့ ဆက်သွယ်မည့် အဓိက ပင်မကွန်ကရစ်တိုင် အမှတ် ပီစီ-၁၇ ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


ပင်မကွန်ကရစ်တိုင် ပြိုကျရခြင်းမှာ လုပ်ငန်းခွင်အတွင်း အသုံးပြုလျက်ရှိသည့် ကရိန်းမှ တိုက်မိ ခဲ့သောကြောင့် ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် အရည်အသွေး မပြည့်မီခြင်း မဟုတ်ကြောင်း တာဝန်ယူ တည် ဆောက်နေသည့် FMI ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အား တွေ့ရှိခဲ့သူ တစ်ဦးက ''အကြီးအကျယ် တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့ တည် ဆောက်မှုတွေကို နည်းနည်း စိုးရိမ်ရတယ်။ နောက်ပြီး ပြိုကျခဲ့တဲ့တိုင်က အောက်ခြေ ကွန်ကရစ်လောင်းတဲ့ အဆင့်ထိပဲ ရှိသေးပေမယ့် အပေါ်သံတိုင်တွေ အများအပြား တင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အား မရှိခဲ့တာ ဖြစ်ဖို့များပါတယ်'' ဟု ပြောသည်။

ပင်မကွန်ကရစ်တိုင် ပြိုကျမှု ဖြစ်စဉ်ကြောင့် သမိုင်းမှ လှိုင်သာယာ-အင်းစိန်သို့ ဆက်သွယ်ထားသည့် ကားလမ်းကြောများ နှစ်နာရီခန့် ပိတ်ထားခဲ့ရခြင်းကြောင့် ပြိုကျသည့် ဖြစ်စဉ်အနီး ဆက်စပ်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ FMI ကုမ္ပဏီမှ အဓိက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ၂၆ ဘီလီယံခန့် ရှိမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Credit : http://www.news-eleven.com/local/yangon-news/20871

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။