/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 9, 2013

.

ဘဏ္ဍာ/ အခွန် ၀န်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနဟု အမည်ပြောင်း

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေး ၀န်ကြီးဌာနဟု အမည်ပြောင်းလဲရန် ဇူလိုင် ၈ ရက်က ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။


နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ထားသည့် လက်ရှိဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန အမည်ကို ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်အဖြစ် ပြောင်းလဲမည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟု အမည်ခေါ်တွင်ခြင်း မရှိဘဲ ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်ဖြင့်သာ ခေါ်ဝေါ်ခြင်း ဖြစ်သည့်အပေါ် လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ''နိုင်ငံတကာမှာ အများစုက ဘဏ္ဍာရေး ၀န်ကြီးဌာန အမည်ပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံ က ဆိုရှယ်လစ် စနစ်က လာတာမို့ အစက စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနကနေ ဘဏ္ဍာအခွန်ဝန်ကြီး ဌာနကို ပြောင်းလဲလိုက်တယ်။ အခု နိုင်ငံတကာနဲ့ညီအောင် အမည်ပြောင်းလိုက်တာပါ'' ဟု ပြောကြား သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက် ခြင်းသာဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်မှု၊ ဌာနအသီးသီး ဖွဲ့စည်းပုံ အဆင့်ဆင့်မှာမူ ပြောင်းလဲမည် မဟုတ်ဘဲ လက်ရှိအတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု သိရ သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။