/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 9, 2013

.

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များနှင့် မြန်မာ့အသံရေဒီယိုလိုင်းများကို ANDROID MOBILE ဖုန်းများပေါ်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်မည်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သစ်၏ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှု လုပ်ငန်း စဉ် များနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မီဒီယာ ကဏ္ဍလုပ်ငန်း ဆောင် ရွက်မှု များသည် ပြည်သူကို ဗဟိုပြုသည့် ဝန်ဆောင် မှု လုပ်ငန်းများ အဖြစ်သို့ အသွင်ကူးပြောင်း ဖော် ဆောင်လျက် ရှိပါသည်။


ထိုကဲ့သို့ ပြည်သူ ဗဟိုပြု ဝန်ဆောင်မှု လုပ်ငန်းအဖြစ်သို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူတို့အတွက် မြန်မာ့အသံ ဟူသော ဆောင်ပုဒ်နှင့်အညီ သတင်းနှင့် ဖျော်ဖြေရေး အစီအစဉ် များကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး ယခင်နှင့်မတူ တမူ ထူးခြားစွာဖြင့် ကြိုးပမ်း တင်ဆက်ခဲ့ရာ နာရီစဉ်အလိုက် သတင်း တင်ဆက်မှုများ အပြင် ပြည်သူတို့ အကြိုက် ဖျော်ဖြေရေး ကဏ္ဍဍများကိုပါ နေ့စဉ် (၁၇) နာရီ ထုတ်လွှင့် ပေးလျက်ရှိပါသည်။ 

ထို့အပြင် ပြောင်းလဲ တိုးတက်လာသော ခေတ်စနစ်နှင့် အညီ ပုံမှန်ရုပ်သံ ထုတ်လွှင့်မှုများကို အင်တာနက် Website များပေါ်တွင် ကြည့်ရှုခံစား နိုင်စေရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန၏ Web Portal တစ်ခု တည်ထောင်ပြီး ပြည်သူတို့ အတွက် အင်တာနက် ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးနိုင်သလို ယနေ့ခေတ် ပြည်သူများ စိတ်ဝင်စားလျက် ရှိသော Social Media Network ပေါ်တွင် MRTV Web Media Portal Facebook Account တစ်ခုဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးနိုင်ပါသည်။

ယခုအခါ ထပ်မံပြီး ပြည်သူတို့အတွက် ဝန်ဆောင်မှု အသစ်တစ်ခု အနေနှင့် MRTV Mobile Application တစ်ခုကို စတင် တည်ဆောက်လျက် ရှိပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ကာ Android Mobile ဖုန်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ် များကို ကြည့်ရှုခံစား နိုင်တော့မှာဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုလိုင်း ဖျော်ဖြေ တင်ဆက်မှု များကို နားထောင်ခံစား နိုင်ရန်အတွက် Mobile Software များကို စမ်းသပ် ထုတ်လွှင့် ပေးသွားတော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ Mobile ဖုန်း အသုံးပြုမှုတွင် အများဆုံး အသုံးပြုလျက် ရှိသည့် Android Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်မည့် MRTV APK Software (MRTV Icon ပါ APK Software) နှင့် MRTV Radio Station APK Software (MRTV Radio Station Icon ပါ APK Software) တို့အား ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ပြီး Google Play တွင် အခမဲ့ Download ရယူ အသုံးပြု နိုင်မှာ ဖြစ်ပါသည်။ 

ဆက်လက်ပြီး iPhone အသုံးပြုသူ များအတွက်ပါ အဆင်ပြေစေမည့် MRTV Mobile Version အား ဆက်လက် ထုတ်ေဝ ပေးသွားမည် ဖြစ်ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင်သံကြား နှင့် ရေဒီယို အစီအစဉ်များအား တိုက်ရိုက်ခံစား စေနိုင်ရန်အတွက် LIVE Streaming ထုတ်လွှင့်မှု များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Credit : http://www.moi.gov.mm/mrtv/news/local/9/07/2013/id-4518

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။