/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 20, 2013

.

ကျပ်သိန်း ၉၅၀ တန် နှစ်ထပ်ကျောင်းဆောင်သစ်ပညာရေးဌာနသို့ ပေးအပ်လှူဒါန်း


ငွေကျပ် သိန်း ၉၅၀ ကျော် တန်နှစ်ထပ်ကျောင်း ဆောင်သစ် ပညာရေးဌာနသို့ ပေးအပ်လှူဒါန်း ပွဲအခမ်းအနားကို ဇွန် ၁၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ပညာရတနာ ခန်းမ တွင်ကျင်းပသည်။


အစီအစဉ်အရ ကျောင်း ဆောင်သစ်ကို မှော်ဘီ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ အမှတ်(၃)အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးဦးမောင်မောင်တိုးနှင့် အလှူရှင် ဦးထွန်းထွန်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ကျောင်း ဆောင်သစ်နှင့်သက်ဆိုင်သည့် စာရင်းဇယားများလွှဲပြောင်းပေး အပ်ပွဲကို ကျင်းပရာ မှော်ဘီမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင် တိုးတို့မှ အမှာစကားပြောကြား ကြပြီး အလှူရှင်ဦးထွန်းထွန်းလင်း က လှူဒါန်းရခြင်းရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြကာ လှူဒါန်း သောအဆောင်သစ်နှင့်သက်ဆိုင် သည့် စာရင်းဇယားများကို ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ မှော်ဘီမြို့ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်လေးက လက်ခံယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/22185

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။