/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 20, 2013

.

ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ် ပေါင်းစည်း နေထိုင်၍ အာဏာကို ခွဲဝေ သုံးစွဲရန်ဖြစ် အမေရိကန် ပြည်ထောင်စု ပင်လျှင် တစ်ခုတည်းသော အမေရိကန် တပ်မတော် သာရှိ


Photo: ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ် ပေါင်းစည်း နေထိုင်၍ အာဏာကို ခွဲဝေ သုံးစွဲရန်ဖြစ် အမေရိကန် ပြည်ထောင်စု ပင်လျှင် တစ်ခုတည်းသော အမေရိကန် တပ်မတော် သာရှိ 
Thursday, June 20, 2013

အမေရိကန် ကွန်ဂရက် House of Representatives ဥက္ကဋ္ဌ Hon. Mr. John A. Boehner နှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သော  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော် ကော်မ တီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့ နှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌  အတိုက်အခံ ခေါင်းဆောင် Senator Mitch McConell နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အထက်လွှတ်တော် အမတ် Senator Ms. Diane Feinstein၊ Senator Benjamin Cardin နှင့် Senator John McCane ၊ အမေရိ ကန် အောက်လွှတ်တော်အမတ် Representative Joseph Crowley နှင့် Representative Jerrold Nadler တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနေ့  ညနေပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အောက်လွှတ်တော်    အတိုက်အခံ ခေါင်းဆောင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Ms. Nancy Pelosi နှင့် လည်းကောင်း၊  အမေရိကန် အထက် လွှတ်တော်အမတ်  Senator  Briam  Schatz နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းနောက် မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ၌ အောက် လွှတ်တော် အမတ်များ ဖြစ်ကြသော Representative David Price နှင့် Representative Peter Roskam တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၁၁ ရက် နံနက် ၁၁ နာရီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mrs. Hillarry Clinton နှင့် ခေတ္တတည်းခို နေထိုင်သည့် ဝါရှင်တန် ဒီစီမြို့ရှိ Grand Hyatt ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဇွန် ၁၇ ရက် နံနက်၈ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ဆန်ဖရန် စစ္စကိုမြို့တော်ဝန် Mr. Edwin Mah Lee တို့သည် ဆန်ဖရန် စစ္စကိုမြို့ရှိ Retz- Carlton Hotel ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ဇွန် ၉ ရက် နံနက်ပိုင်းက President of NDI, Mr. Kenneth Wollack၊  President of IRI,Mr.Lome Craner၊  President of NED,Mr. Carl Gershman တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် IRG Boardမှ ကွန် ဂရက် လွှတ်တော် အမတ်ဟောင်း များဖြစ်ကြသော Ambassador Jim Jones, Mrs. Nancy Johnson, Mr. James Slattery တို့မှ တည်ခင်းသော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရေးရာရုံး (CBO) နှင့် အစိုးရ လုပ်ငန်း စစ်ဆေးရေးရုံး (GAO) တို့သို့ သွား ရောက် လေ့လာရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ဇွန် ၁၁ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် အမေရိကန် ကွန်ဂရက်အတွင်း လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။ ထို့နောက် အမေရိကန် ကွန်ဂရက် (Library of Congress)ကို ကြည့်ရှုလေ့လာ ကြသည်။ ညနေ ပိုင်းတွင် အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်း၌ ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဇွန် ၁၃ ရက် နံနက် ၁၁ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ဝါရှင်တန် ဒီစီမြို့ရှိ Woodrow  Wilson Center၌ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) နှင့် အမျိုးသား ဒီမိုကရေစီ ရေးရာအဖွဲ့ (NDI) တို့က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ထို့ နောက် Woodrow Wilson Center၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ဇွန် ၁၄  ရက်  နံနက်ပိုင်းက နယူး ယောက်မြို့ရှိ Google  ရုံးချုပ်သို့ သွားရောက် လေ့လာခဲ့သည်။

ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆန်ဖရန် စစ္စကိုမြို့ရှိ မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ များအား ရှင်းလင်း ပြောကြားကာ မေး မြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက ဆန်ဖရန် စစ္စကို မြို့တော်ခန်းမသို့ သွားရောက်လေ့လာရာ ဆန်ဖရန် စစ္စကို မြို့တော်ဝန် ဟောင်း Mr. Arthur Agnos နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ညနေ ၄ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမေရိကန် ဒီမိုကရေစီ ဖော်ဆောင်ရေး ကျွမ်းကျင် ပုဂ္ဂိုလ် Professor Larry Diamond နှင့် တွေ့ ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် အထက်လွှတ်တော်၊ အောက်လွှတ်တော်များမှ လွှတ်တော် အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော် အမတ်ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန် သမ္မတ၊ ဒုတိယ သမ္မတများ၏ အကြံပေး ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ US Chamber of Commerceမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မိမိနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရသည့် ရည် ရွယ်ချက် နှစ်ခုလည်း ရှိပါကြောင်း၊ ပထမအချက် အနေဖြင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဖြစ်ပါကြောင်း၊

ဒုတိယ ရည်ရွယ်ချက်မှာ အမေရိကန် နိုင်ငံတွင် ကျင့် သုံး နေသည့် ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက် လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်း တာဝန်များအား လေ့လာပြီး လေ့လာချက် များထဲမှ ကောင်းမွန် သင့်လျော်သော အချက်များ အား မြန်မာနိုင်ငံသို့ ယူဆောင် သွားနိုင်ရေးအတွက် ဖြစ်ပါ ကြောင်း၊ မိမိတို့ နိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့ပါ ကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်ခြင်းမှာ ယခင် တပ်မတော် အစိုးရက အုတ်မြစ်ချ ပေးနိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လမ်းကြောင်း ပေးခဲ့သော ဈေးကွက် စီးပွားရေး စနစ်နှင့် ဒီမို ကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်းသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အားနည်းခဲ့သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး တို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

မိမိတို့ နိုင်ငံအား ယခုအစိုးရ ကလည်း ဖွံ့ဖြိုးတိုးတက် စေလိုပါကြောင်း၊ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများ ကလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက် ခဲ့ပါကြောင်း၊ အောင်မြင် မှုနှင့် ဆုံးရှုံးမှုများအပေါ်တွင် ဝေဖန်ပုတ်ခတ် ပြောဆိုနေမည့် အစား သင်ခန်းစာရယူ၍ ဆောင်ရွက်သွားရမည့် အချိန်ဖြစ် ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်း သည့် နိုင်ငံများ သည် ၎င်းတို့နည်း၊ ၎င်းတို့ဟန်၊ ၎င်းတို့ နိုင်ငံနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းသော နိုင်ငံဖြစ်ရန်အတွက် မိမိတို့နိုင်ငံနှင့် လျော်ညီသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် လိုအပ်သည်ဟု ထင်မြင်ယူဆ ပါကြောင်း၊

ပြီးခဲ့သည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ဤစနစ်ကို ကျင့်သုံးရန် လမ်းခင်း ပေးခဲ့ပါ ကြောင်း၊ ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် လိုလားသည့် နိုင်ငံများ ၏ ပြောကြားချက် များအား အလေးထား ဆောင်ရွက် ခဲ့ပါကြောင်း၊

ပြည်တွင်းရှိ ဒီမိုကရေစီ အရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သူများ၏ ဆောင်ရွက်ချက် များကြောင့်လည်း ပါဝင်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ မိမိတို့ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်း စုကြည်တို့က အဓိက နေရာမှ ပါဝင်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ဒီမိုကရေစီ စနစ် ဖော်ဆောင် ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီး ပါကြောင်း၊ လွှတ်တော်မရှိပါက ဒီမိုကရေစီ မရှိနိုင် ပါကြောင်း၊ လွှတ်တော်များရှိရန် လိုအပ်သကဲ့သို့ ခိုင်မာရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အမေရိ ကန် နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက်၏ ဆောင်ရွက်ချက် များအား လာရောက် လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဖက်ဒရယ် ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့်ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆ နေကြကြောင်း၊

အချို့ကလည်း ဖက်ဒရယ်ဟု ဆိုလျှင် ခွဲထွက်မည်ဟု ထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ်ပါ ကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန် ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စုပင်လျှင် တစ်ခု တည်းသော အမေရိကန် တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံး ဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းရန် အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင် ရေးသည် အရေးကြီး ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်များ၊ အဖွဲ့အစည်း များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိ အမှတ်ပြု ထောက်ခံ ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်မှု ရရှိအောင် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ခေါင်းဆောင်နိုင်သည့် နိုင်ငံတော်သမ္မတ၊ အဆွေတော် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ မှန်ကန်သော ခေါင်းဆောင်မှုများ ရှိနေပြီ ဖြစ်သည့်အတွက် အောင်မြင်မှု ရရှိမည် ဖြစ်ပါကြောင်း၊ မြန်မာ- အမေရိ ကန် နှစ်နိုင်ငံ လွှတ်တော်များ၊ အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့ကြသည်။

မြ၀တီ

အမေရိကန် ကွန်ဂရက် House of Representatives ဥက္ကဋ္ဌ Hon. Mr. John A. Boehner နှင့် အမေရိကန် ပြည်ထောင်စု အစိုးရတို့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေး ခရီး သွားရောက် ခဲ့သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ အမျိုးသား လွှတ်တော် ကော်မ တီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့ နှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အတိုက်အခံ ခေါင်းဆောင် Senator Mitch McConell နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။


ဇွန် ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အထက်လွှတ်တော် အမတ် Senator Ms. Diane Feinstein၊ Senator Benjamin Cardin နှင့် Senator John McCane ၊ အမေရိ ကန် အောက်လွှတ်တော်အမတ် Representative Joseph Crowley နှင့် Representative Jerrold Nadler တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနေ့ညနေပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ကွန်ဂရက်အဆောက်အအုံ (Capitol Hill) ၌ အမေရိကန် အောက် လွှတ်တော် အတိုက်အခံ ခေါင်းဆောင် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Ms. Nancy Pelosi နှင့် လည်းကောင်း၊ အမေရိကန် အထက် လွှတ်တော်အမတ် Senator Briam Schatz နှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းနောက် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ကွန်ဂရက် အဆောက်အအုံ ၌ အောက် လွှတ်တော် အမတ်များ ဖြစ်ကြသော Representative David Price နှင့် Representative Peter Roskam တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန် ၁၁ ရက် နံနက် ၁၁ နာရီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mrs. Hillarry Clinton နှင့် ခေတ္တတည်းခို နေထိုင်သည့် ဝါရှင်တန် ဒီစီမြို့ရှိ Grand Hyatt ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဇွန် ၁၇ ရက် နံနက်၈ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ဆန်ဖရန် စစ္စကိုမြို့တော်ဝန် Mr. Edwin Mah Lee တို့သည် ဆန်ဖရန် စစ္စကိုမြို့ရှိ Retz- Carlton Hotel ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ဇွန် ၉ ရက် နံနက်ပိုင်းက President of NDI, Mr. Kenneth Wollack၊ President of IRI,Mr.Lome Craner၊ President of NED,Mr. Carl Gershman တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် IRG Boardမှ ကွန် ဂရက် လွှတ်တော် အမတ်ဟောင်း များဖြစ်ကြသော Ambassador Jim Jones, Mrs. Nancy Johnson, Mr. James Slattery တို့မှ တည်ခင်းသော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရေးရာရုံး (CBO) နှင့် အစိုးရ လုပ်ငန်း စစ်ဆေးရေးရုံး (GAO) တို့သို့ သွား ရောက် လေ့လာရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ဇွန် ၁၁ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် အမေရိကန် ကွန်ဂရက်အတွင်း လှည့်လည် ကြည့်ရှု လေ့လာ ကြသည်။ ထို့နောက် အမေရိကန် ကွန်ဂရက် (Library of Congress)ကို ကြည့်ရှုလေ့လာ ကြသည်။ ညနေ ပိုင်းတွင် အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်း၌ ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဇွန် ၁၃ ရက် နံနက် ၁၁ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ဝါရှင်တန် ဒီစီမြို့ရှိ Woodrow Wilson Center၌ မဟာ ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) နှင့် အမျိုးသား ဒီမိုကရေစီ ရေးရာအဖွဲ့ (NDI) တို့က နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထို့ နောက် Woodrow Wilson Center၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ဇွန် ၁၄ ရက် နံနက်ပိုင်းက နယူး ယောက်မြို့ရှိ Google ရုံးချုပ်သို့ သွားရောက် လေ့လာခဲ့သည်။

ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆန်ဖရန် စစ္စကိုမြို့ရှိ မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ များအား ရှင်းလင်း ပြောကြားကာ မေး မြန်းမှုများ အပေါ် ဖြေကြားခဲ့သည်။

ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက ဆန်ဖရန် စစ္စကို မြို့တော်ခန်းမသို့ သွားရောက်လေ့လာရာ ဆန်ဖရန် စစ္စကို မြို့တော်ဝန် ဟောင်း Mr. Arthur Agnos နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။ ညနေ ၄ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမေရိကန် ဒီမိုကရေစီ ဖော်ဆောင်ရေး ကျွမ်းကျင် ပုဂ္ဂိုလ် Professor Larry Diamond နှင့် တွေ့ ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် အထက်လွှတ်တော် ၊ အောက်လွှတ်တော်များမှ လွှတ်တော် အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော် အမတ်ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန် သမ္မတ၊ ဒုတိယ သမ္မတများ၏ အကြံပေး ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ US Chamber of Commerceမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မိမိနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရသည့် ရည် ရွယ်ချက် နှစ်ခုလည်း ရှိပါကြောင်း၊ ပထမအချက် အနေဖြင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဖြစ်ပါကြောင်း၊

ဒုတိယ ရည်ရွယ်ချက်မှာ အမေရိကန် နိုင်ငံတွင် ကျင့် သုံး နေသည့် ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက် လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်း တာဝန်များအား လေ့လာပြီး လေ့လာချက် များထဲမှ ကောင်း မွန် သင့်လျော်သော အချက်များ အား မြန်မာနိုင်ငံသို့ ယူဆောင် သွားနိုင်ရေး အတွက် ဖြစ်ပါ ကြောင်း၊ မိမိတို့ နိုင်ငံတွင်ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ကို ပြောင်းလဲကျင့်သုံး ခဲ့ပါ ကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်ခြင်းမှာ ယခင်တပ်မတော်အစိုးရက အုတ်မြစ်ချ ပေးနိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လမ်းကြောင်း ပေး ခဲ့သော ဈေးကွက် စီးပွားရေး စနစ်နှင့် ဒီမို ကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်း သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အားနည်းခဲ့သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး တို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

မိမိတို့ နိုင်ငံအား ယခုအစိုးရကလည်း ဖွံ့ဖြိုးတိုးတက် စေလိုပါကြောင်း၊ ခေတ်အဆက်ဆက် အုပ်ချုပ် ခဲ့သော အစိုးရများ ကလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက် ခဲ့ပါကြောင်း၊ အောင်မြင် မှုနှင့် ဆုံးရှုံး မှုများအပေါ်တွင် ဝေဖန်ပုတ်ခတ် ပြောဆိုနေမည့် အစား သင်ခန်းစာရယူ၍ ဆောင်ရွက်သွားရမည့် အချိန်ဖြစ် ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံများသည် ၎င်းတို့နည်း၊ ၎င်းတို့ဟန်၊ ၎င်းတို့ နိုင်ငံနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေး ချမ်းသော နိုင်ငံဖြစ်ရန်အတွက် မိမိတို့နိုင်ငံနှင့် လျော်ညီသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် လိုအပ် သည်ဟု ထင်မြင်ယူဆ ပါကြောင်း၊

ပြီးခဲ့သည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ဤစနစ်ကို ကျင့်သုံးရန် လမ်းခင်း ပေးခဲ့ပါ ကြောင်း၊ ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် လိုလားသည့် နိုင်ငံများ ၏ ပြောကြား ချက်များအား အလေးထား ဆောင်ရွက် ခဲ့ပါကြောင်း၊

ပြည်တွင်းရှိ ဒီမိုကရေစီ အရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သူများ၏ ဆောင်ရွက်ချက် များကြောင့်လည်း ပါဝင်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ မိမိတို့ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်း စုကြည်တို့က အဓိက နေရာမှ ပါဝင်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ဒီမိုကရေစီ စနစ် ဖော်ဆောင် ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီး ပါကြောင်း၊ လွှတ်တော်မရှိပါက ဒီမိုကရေစီ မရှိနိုင် ပါကြောင်း၊ လွှတ်တော်များရှိရန် လိုအပ်သကဲ့သို့ ခိုင်မာရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် ကွန်ဂရက်၏ ဆောင်ရွက်ချက် များအား လာရောက် လေ့ လာခြင်း ဖြစ်ပါကြောင်း၊ ဖက်ဒရယ် ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့်ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆ နေကြကြောင်း၊

အချို့ကလည်း ဖက်ဒရယ်ဟု ဆိုလျှင် ခွဲထွက်မည်ဟု ထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက် ရန် မဟုတ်ပါ ကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန် ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စုပင်လျှင် တစ်ခု တည်းသော အမေရိကန် တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံး ဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းရန် အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင် ရေးသည် အရေးကြီး ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်များ၊ အဖွဲ့အစည်း များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိ အမှတ်ပြု ထောက်ခံ ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်မှု ရရှိအောင် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း များကို ခေါင်းဆောင်နိုင်သည့် နိုင်ငံတော်သမ္မတ၊ အဆွေတော် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ မှန်ကန်သော ခေါင်းဆောင်မှုများ ရှိနေပြီ ဖြစ်သည့် အတွက် အောင်မြင်မှု ရရှိ မည် ဖြစ်ပါကြောင်း၊ မြန်မာ- အမေရိ ကန် နှစ်နိုင်ငံ လွှတ်တော်များ၊ အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့ကြသည်။

မြ၀တီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။