/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 8, 2013

.

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း MAI မှ ပထမဆုံးပြည်တွင်းခရီးစဉ်ပြေးဆွဲသွားမည်

ယခင်က အာရှနိုင်ငံတွင်းခရီးစဉ်များကိုသာ ပြေးဆွဲနေ သော အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း လိုင်း MAI သည် မေလ(၂၆) ရက်နေ့မှစတင်ကာ ပထမဆုံး ပြည်တွင်းခရီးစဉ်ပြေးဆွဲတော့ မည်ဖြစ် ကြောင်း MAI မှ တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရ သည်။ ထိုကဲ့သို့ပြည်တွင်း၌စတင်ပြေး ဆွဲမည့်ခရီး စဉ်မှာ ရန်ကုန်-မန္တလေး၊မန္တလေး-ရန်ကုန်ခရီးစဉ်ဖြစ်ပြီး ရန်ကုန်မြို့မှမနက်(၆)နာရီ(၃၀)မိနစ် ထွက်ခွာ မည်ဖြစ်ပြီး မန္တလေးသို့ (၇)နာရီမိနစ်(၄၀)အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးမြို့မှ မွန်းလွဲ(၂)နာရီ စတင်ထွက်ခွာပါက ရန်ကုန်မြို့သို့ မွန်းလွဲ(၃)နာရီ(၁၀)မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည့်အတွက် လေ ယာဉ် ပျံသန်းမှုကြာမြင့်ချိန်သည် ခရီးစဉ်တစ်ခုကို(၁)နာရီ(၁၀)မိနစ်ခန့်သာ အချိန်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။မေလ(၂၆)ရက်နေ့တွင် စတင်ပြေးဆွဲမည့် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် AIR Bus A-319 လေယာဉ်နှင့် အပတ်စဉ်အင်္ဂါ၊ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့ တွေမှာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

FROM-SKYNET TV BROWSER

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။