/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 8, 2013

.

သနားလို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပေမယ့် ပါးစပ်စည်းကမ်းမရှိတဲ့ နေမျိုးဇင် ထောင်ဒဏ် ၃ လမှ ၆ နှစ်ပြောင်း

၂၀၁၁ ခုနှစ် အတွင်းက အီလက်ထ ရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင် ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရတဲ့ နေမျိုးဇင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ် လာသူ ဖြစ်ပါတယ်။

ထောင်ကလွတ်ပြီးတဲ့ နောက်မှာ ပြည် ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များကို ဆဲခြင်း၊ အစိုးရနှင့် တပ်မတော်အပေါ် စော် ကား ခြင်း၊ လယ်သမားများကို သွေး ထိုး၍ ဆူပူမှုများ ဖြစ်စေခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။


ထိုသို့ပြုလုပ်ရာမှာ စည်းဘောင်ကျော်လာသည့် အတွက် ရဲတပ်ဖွဲ့မှ တရားစွဲခဲ့ပြီး ဒဏ်ငွေ(သို့) ထောင်ဒဏ် (၃)လ ကျခံစေခဲ့ရာမှာ ထောင်ဒဏ်(၃)လကို ရွေးချယ်ကြောင်း ကြေငြာခဲ့ပြီး မအူပင်ထောင်ကို ရောက်ရှိ သွားပါတယ်။

ထောင်သို့ ရောက်ပြီး မကြာခင် မိဘနှင့် ထောက်ပံ့သူများက ၄င်းအတွက် ဒဏ်ငွေဆောင်ပြီး ထောင်ဝမှာ သွား ကြိုချိန်မှာတော့ နေမျိုးဇင် အတွက် ၀မ်းသာစရာ သတင်းကောင်းကို သိခဲ့ရပါတယ်။

အဲဒါကတော့ ခံဝန်တွေ ချိုးဖောက်ပြီး တာဝန်ရှိသူတွေကို စော်ကားတဲ့ အတွက် ယခင်ပြစ်မှုများအတိုင်း ထောက်ဒဏ် ၆ နှစ် ကျခံစေဆိုတဲ့ အမိန့်ပါပဲ။

ဒါဟာ မည်သည့် အစိုးရနှင့် ဖြစ်ဖြစ်၊ မည်သည့် အချိန်ကာလ ဖြစ်ဖြစ် ၊ မရှိလျှင် မဖြစ်သည့် အဖွဲ့အစည်း များ အပေါ် စော်ကားပါက ယခင်ပြစ်မှု မကင်းသူတွေ ရင်ဆိုင်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်များ လည်း မကြာမှီ လာပါတော့မည်။

FROM-NAY MIN 

2 comments:

  1. သတင်းရေးလျှင်
    မျှတစွာရေးပါ

    ReplyDelete
  2. မင်း မေ လိုးလို့ တဖက်သတ်ရေးတာလဲ
    ဟဟဟဟဟဟဟဟ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။