/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 21, 2013

.

၁၅၀၀ ဖုန်းအင်တာနက် လျှောက်ထားသူနည်းပါး

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ မှတဆင့် ရောင်းချပေးခဲ့သော ၁၅၀၀ ဖုန်းများ အင်တာနက် လျှောက်ထားအသုံးပြုသူများနည်း ပါးနေ ကြောင်း သိရသည်။


အဆိုပါကဲ့သို့ နည်းပါးရခြင်း အကြောင်းကိုLu Lay ဖုန်းဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

““အခုလောလောဆယ်မှာ တော့ ၁၅၀၀ ဖုန်းတွေကို အင် တာနက် လာလျှောက်တဲ့သူတွေ နည်းသေးတယ်။ နောက်ပြီးတော့ ၁၅၀၀ ဖုန်းကိုင်တဲ့သူအများစုက တန်ဖိုးနည်းဟန်းဆက်တွေကိုသာ ၀ယ် ကိုင်ကြတယ်။ အစ်ကိုတို့ ဆိုင်မှာလည်း တန်ဖိုးနည်းဟန်း ဆက်တွေပဲရောင်းရတယ်””ဟု ပြောကြားခဲ့သည်။

မြန်မာဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ၁၅၀၀ ဖုန်း များအင်တာနက်လျှောက်ထား ခြင်းနှင့် ပတ်သက်၍ ပြောကြား ရာတွင်- ““၁၅၀၀ တန်CDMA 800 MHzဖုန်းတွေက အင်တာနက် လျှောက်ထား လို့ရပါတယ်။ ဒီဖုန်း တွေကို စရောင်းလိုက်ထဲက အင်တာနက်လျှော်ကထားခွင့်ကို မေးခဲ့တာပါ။ တကယ်လို့ လျှောက်ချင်ရင် တိုင်းမန်နေဂျာ ရုံးမှ လျှောက်ထားလို့ရပါတယ်”” ဟု ပြောကြားခဲ့သည်။

ရွှေဂုံတိုင်ရုံးရှိ ဖုန်းပွဲစားတစ် ဦးမှ ပြောကြားရာတွင်လည်း ““အစ်မတို့ဆီမှာ ၁၅၀၀ ဖုန်းတွေ ကို အင်တာ နက်လာလျှောက်တဲ့ လူတွေနည်းတယ်။ အရင်၂ သိန်း တန်ဖုန်းတွေကိုသာ အင်တာနက် လျှောက်တဲ့ သူတွေ များတယ်။ ၁၅၀၀ တန်ဖုန်းတွေကို အင်တာ နက်လျှောက်ချင်တယ်ဆိုလည်း လုပ်ပေးပါတယ်””ဟု ပြောကြားခဲ့ သည်။

http://www.hotnewsweekly.com/archives/20835

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။