/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 21, 2013

.

စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်အသစ်တင်လှူ

ရတနာပုဏ္ဏ၀ရဌာနဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တ လေး)စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲအချိန်က အဆိုပါစေတီတော်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။


အသစ်တင်လှူသောစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို အများ ပြည်သူတို့၏ ကုသိုလ်ကောင်းမှုဖြင့် တင်လှူခြင်းဖြစ်ကာ စိန်ဖူး တော်တွင် ရွှေ ၁၂၆ ကျပ်သား၊ ရတနာမျိုးစုံ (၆၅)ခုနှင့် ငှက်မြတ်နား တော်တွင်ရွှေ ၁၅၂ကျပ်သား၊ ရတနာမျိုးစုံ ၆၈၃ ခု တို့ကုသိုလ်ပြု လှူဒါန်းထားခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ငွေသား၁၇၁ သိန်း တို့ကိုလည်း အများပြည်သူတို့ ၀င်ရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ဘုရား ဒါယကာ သံဃာတော်အရှင်သူမြတ်တို့ က ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြ ကြောင်းသိရသည်။

ထို့နောက် အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မိုးထိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥာဏအရှင်သူမြတ်ထံ မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကားများက ပရိတ်ပန်း ၊ ပရိတ်ရေ၊ ပရိသဲနှင့် ပရိတ်ချည်များကိုသံဃာတော်များထံ ဆပ်ကပ်၍ ပရိတ်တော်များနာယူပြီး ပရိတ်ပန်း၊ ပရိတ်ရေ ၊ ပရိတ်သဲနှင့် ပရိတ်ချည်များကို စေတီတော်ရင်ပြင်၌ပက်ဖြန်းကြကာ ဘုရားဒကာ များက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ရွှေကြာသင်္ကန်းနှင့် သာသနာ့ အောင်လံတို့ကို ဆရာ တော်များထံ ဆပ် ကပ်ကြကြောင်းသိရသည်။ 

ဆက်လက်၍ ဘုရားဒါယကာ၊ ဒါယိကာများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအားလက်ျာရစ်တစ်ပတ်လှည့် ပူဇော်ကာ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ကြပြီး အများပြည်သူတို့က စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ကြရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဘုရား ဒါယကကာ များက စေတီအထွဋ်သို့တက်ရောက်ပြီး တပ်ဆင်ပူဇော်ကြ၍ ပရိတ်နံ့သာရေတို့ဖြင့် ပက်ဖြန်း ပူဇော်ခဲ့ကြကြောင်းသိရသည်။ 

ထို့နောက်ဆရာတော်ကြီးများအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနိုင်ငံတော်သြ၀ါဒစရိယ၊အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ မဟာ ဒ္ဓမ္မဇော်တိက ၊မြတောင်ကျောင်းတိုက်၊ ရွှေဝါ၀င်းကျောင်း သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသထံမှ အနုမောဒနာတရားနာကြာ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံး ကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားသို့ မိုးထိကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမ ဟာဘဒ္ဓမ္မဇောတိက ၊နိုင်ငံတော် သြ၀ါဒစရိယ ဘဒ္ဓန္တဥာဏ အမှူးပြုသောပင့်သံဃာ (၁၈)ပါး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးကျော်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများသက်ဆိုင်ရာတာဝန်ရှိသူများ မြီု့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ၀တ်အသင်းများနှင့် အလှူရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/20854

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။