/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 21, 2013

.

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ



တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွား ခဲ့၍ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွံတေး မြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေးရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦး လွဲပြောင်းပေး ထားတယ်”ဟု တွံတေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီး ကျေးရွာသို့ သွားစဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကား ဆရာကိုတော့ ရဲစခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

Credit : http://burmamuslim.wordpress.com/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။