/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 23, 2013

.

ရွှေတိဂုံစေတီတော်တွင် ပေါင်းကူးတံတားနှင့် ဓာတ်လှေကားများ ထပ်မံတိုးချဲ့ တည်ဆောက်မည်

ရွှေတိဂုံစေတီတော်တွင် ပေါင်းကူးတံတားနှင့် စောင်းတန်းများတွင် ဓာတ်လှေကား ၄ စီးနှင့် စက်လှေ ကား၂စီးအား ဇူလိုင်လတွင် တိုးချဲ့ဆောက်လုပ်တပ်ဆင် သွားမည်ဖြစ်ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့ ရုံးမှ သတင်းရရှိ သည်။


ဘုရားဖူးပြည်သူများ အဆင် ပြေချောမွေ့စွာသွားလာနိုင်ရန် မဟာဗုဒ္ဓ၀င်ပြခန်းနှင့် ပြတိုက် အပြင်၊ ပိဋ ကတ်တိုက်တို့ကို ဆက်သွယ်သော ပေါင်းကူးတံ တားဆောက်လုပ်မည်ဖြစ်ပြီး စက် လှေကား ၄ စီးကိုမူ စောင်းတန်း ကြီးများတွင် တိုးချဲ့တပ်ဆင်မည် ဖြစ်ကြောင်းသိရသည်။


ရွှေတိဂုံဂေါပကရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ““ဇူလိုင်လ ထဲမှာဆောက်မှာပါ။ အဓိက ရည်ရွယ်ချက်က ဘုရားဖူးပြည်သူ တွေ စိတ်ချမ်းမြေ့စွာနဲ့ သွားလာ နိုင်အောင်ရယ်၊ သွားရေးလာရေး လွယ်ကူချောမွေ့ အောင် ရည်ရွယ်ပါတယ်။ မကြာခင်ကာလမှာ အဲဒါတွေ တည်ဆောက်ဖို့အတွက် ပညာရှင်တွေနဲ့ ဆွေးနွေး သွားမှာ ပါ””ဟု ပြောကြားခဲ့သည်။

.. www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။