/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 23, 2013

.

အလုပ်အကိုင် ရရှိမည်ဟု အခကြေးငွေယူပြီး အမျိုးသား ၃ ဦးအား ခေါ်ဆောင်လာသည့် အမျိုးသမီးအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု စည်းရုံး ပြောဆိုလျှက် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ တောင်းခံပြီး အမျိုးသား ၃ ဦးကို ခေါ်ဆောင်လာသူ အမျိုးသမီး တစ်ဦးအား တာချီလိတ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ၊ ရဲတပ်ဖွဲ့ရုံးမှ မေလ ၁၉ ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ မေလ ၁၉ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ယာဉ်အမှတ် ၈ဇ/ ၇၆၄၂ လိုက်ထရပ် ဖြင့် တာချီလိတ် သို့ ရောက်ရှိလာသူ ၄ ဦးအား လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ မသက်သက်မာ ၊ စိုးသီဟ (တပ်ကုန်ုး) ၊ အောင်ကိုဝင်း (လယ်ဝေး) နှင့် ကိုချစ် (လယ်ဝေး) တို့ ဖြစ်ကြောင်း နှင့် မသက်သက်မာ မှ ကျန် ၃ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီဖြင့် ထိုင်းနိုင်ငံ၌ အလုပ်အကိုင် ရှာဖွေ ပေးမည်ဟု စည်းရုံး ပြောဆိုမှု အပေါ် သဘောတူညီ ချက်ဖြင့် လိုက်ပါ လာခြင်း ဖြစ်ကြောင်း ၊ ယခင်ကလည်း ပို့ဆောင် ပေးခဲ့ဖူးကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။ 

သို့ဖြစ်၍ တရားဝင် အကျိုးဆောင် လိုင်စင် မရှိဘဲ ထိုင်းနိုင်ငံ၌ အလုပ်အကိုင် ရှာဖွေပေးရန် အခကြေးငွေ ယူပြီး ခေါ်ဆောင် လာသူ မသက်သက်မာ (ဘ) ဦးမောင်မောင်ဝင်း ( ဒီးဒုတ်ကုန်းရွာ ၊ တပ်ကုန်းမြို့ နေသူ ) အား တာချီလိတ် ရဲစခန်း မှ (ပ) ၁၀၀/ ၂၀၁၃ ၊ ပြည်ပ အလုပ်အကိုင် ဥပဒေ ပုဒ်မ (၂၆) ဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com/2013/05/blog-post_22.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။