/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 23, 2013

.

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်နေသော လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းများကို(၂၀၁၄)ခုနှစ်မှာအပြီးဆောင်ရွက်သွားမည်…



မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်နေသည့် လယ် ယာ ကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းများကို(၂၀၁၄)ခုနှစ် တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့လယ် ယာစီးပွားအများ ပိုင်ကော်ပိုရေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားသည်။


၎င်းစီမံကိန်း များကိုရန်ကုန်တိုင်းဒေသကြီး၊တွံတေး၊ နေ ပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီးစီမံကိန်းတွင် ခေတ်မီဆန်စက်၊ ပေါင်းဆန်စက်၊ စပါးခွံလျှပ်စစ်ဓာတ်အားထုတ်စက်၊ ဆန်မှုန့်စက်၊ ဆန်ကြာဇံစက်စသည့် စက်ရုံများပါဝင်မည် ဖြစ်သည်။

ထို့အပြင်စီမံကိန်းဧရိယာတွင် Contract လယ်ယာစနစ်ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံ ကိန်းအတွင်းခေတ်မီဆန်စက်များမှ တစ်နှစ်ကိုတန်းမြင့် ဆန်(၁)သိန်းဖြင့် စီမံကိန်း(၄)ခုမှ(၄)သိန်းထိ ထုတ်လုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများတွင် မြန်မာ့လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း(MAPCO)က(၅၁)ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Mitsui ကုမ္ပဏီက(၄၉)ရာခိုင်နှုန်းထည့်ဝင်ပြီး စုစုပေါင်းစီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ် လာသန်း(၂၀၀)ကုန်ကျနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းများကြောင့်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်သလိုဒေသခံတောင်သူများ အတွက်လည်းဈေးကွက်သစ်ရရှိလာမည် ဖြစ်ကြောင်းဦးရဲမင်းအောင်ကပြောကြားကြောင်း သတင်း ရရှိ သည်။

SkyNet TV Browser

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။