/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 2, 2013

.

ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့မှ ပညာတက် အမျိုးသမီးငယ် ၃ ဦး လူကုန်ကူးမှု ခံရခြင်းမှ အချိန်မီ တားဆီးခဲ့ခြင်း

၂၀၁၃ ခုနှစ်၊ အေပြီလ ၂၃ ရက်နေ့ ညတွင် ရန်ကုန် မြို့အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်တွင် တောင်ကြီးမှ ရန်ကုန်သို့ ၀င်ရောက်လာသော ခရီး သည်တင်ယာဉ်ပေါ်မှ အောက်ပါ အမျိုးသမီး ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ တာဝန်ရှိသူများက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရပါတယ် -

(က) မနန်းဆွေဦး ၂၁ နှစ် (ဘ) ဦးမိတ္တ၊ ရှမ်း /ဗုဒ္ဓ ၊ တတိယနှစ် (သင်္ချာ) ၊ ရပ်ကွက် (၂)၊

(ခ) မနန်းစံလှိုင် ၂၃ နှစ် (ဘ) ဦးလုံးမြထွေး၊ ရှမ်း /ဗုဒ္ဓ ၊ ၀ိဇ္ဇာဘွဲ့ (ပထ၀ီ) ၊ ရပ်ကွက် (၁)၊

(ဂ) မနန်းအေးခမ်းနွမ်း ၂၂ နှစ် (ဘ) (စိစစ်ဆဲ)၊ ရှမ်း/ဗုဒ္ဓ ၊ တက္ကသိုလ်ဝင်တန်းအောင် ၊ ရပ်ကွက် (၄) ၊ မိုင်းနောင်မြို့။


တာဝန်ရှိသူများမှ စစ်ဆေးစဉ် အထက်ပါအမျိုးသမီးငယ် ၃ ဦးသည် မိုင်းနောင်မြို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)ပါတီမှ မနန်းမိုးခမ်းနွမ်း၏ စည်းရုံးမှုကြောင့် မြ၀တီမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အမည်မသိ NGO အဖွဲ့တစ်ခုမှဖွင့်လှစ်သည့် သင်တန်းတက်ရန်သွားခြင်းဖြစ်ကြောင်း၊ မိုင်းနောင်မြို့၊ ၀မ်ဆင်းကျေးရွာနေ မနန်းမိုစိမ်းဆိုသည်မှ ခရီးသွားလာရန်ကူညီ ဆောင်ရွက်ပေးကြောင်း သိရပါတယ်။


အထက်ပါ ပညာတက်အမျိုးသမီးငယ် ၃ ဦးကို အေပြီလ ၂၄ ရက်နေ့ညနေမှာ မိုင်းနောင်သို့ ပြန်လည် ပို့ဆောင်ခဲ့ ပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာ မိဘဆွေမျိုးများ ထံသို့ ပြန် လည်အပ်နှံခဲ့ကြောင်း သိရပါ တယ်။ ဒီသတင်းနှင့် ပတ်သက်ပြီး မိုင်းနောင်မြို့က ပညာတက်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ “ ကျွန်တော့်အမည်ကိုတော့ မဖော်ပြပါနဲ့ ၊ ကောင်မလေး ၃ ယောက် မြ၀တီကနေ ထိုင်းမှာဖွင့်မယ့် NGO သင်တန်းတက်ဖို့ သွားတာမဟုတ်ပါဘူး၊ စ၀်ရွက်ဆစ်ရဲ့ ရှမ်းစစ်တပ်က လွယ်တိုင်းလျှံမှာ ဖွင့်မယ့်သင်တန်း တက်ဖို့ ကျားဖြူ ပါတီက နန်းမိုးခမ်းနွမ်းက ညာပြီး စည်းရုံးတာလေ ၊ ကောင်မလေးတွေကတော့မသိဘူး၊ လစာကောင်းကောင်း ရမယ်လို့ ပြောမှာပေါ့၊ အခုလိုအိမ်ပြန်ရောက်လာတာ အများကြီး ကံကောင်းပါတယ်၊ တကယ်လို့သာ ဟိုရောက်သွားရင် ဘ၀ပျက်မှာ ” ဟုပြောပြပါသည်။

FROM-Shan News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။