/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 2, 2013

.

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆ ရသူ အချို့အား ဖမ်းဆီး

ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ လူဦး ရေအား စစ်ဆေးခြင်း အပေါ် လက်မခံဘဲ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ သဖြင့် နောက် ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီး ရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီး အမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း လည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီအရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စု အဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပွားခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း သိရ သည်။


ယင်းအ တွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ်ဟာရှိန်းနှင့် ဆော်လီ မာန်တို့အား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။ ယင်းအမှုအား လ၀ကမှူး ဦးရန် အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ထားသူ များအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေး ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာနယ်မြေဟု ဆေးများဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင် သက်သေ များက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း ထား ကြောင်း သိရသည်။


စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် 

Credit : Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။