/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 2, 2013

.

ပြည်ထောင်စု ရုပ်သံလိုင်းသစ်ကို ဘာသာကြီးရှစ်ခုဖြင့် ထုတ်လွှင့်ပြသသွားမည်

၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ပြည်ထောင်စု ရုပ်သံ လိုင်းသစ်ကို ဘာသာကြီးရှစ်ခုဖြင့် ထုတ်လွှင့် ပြသသွား မည် ဖြစ်ကြောင်း ၂၆-၄-၂၀၁၃ ရက်က သိရသည်။ ပျောက်ကွယ်နေသည့် တိုင်းရင်းသား လူမျိုးစုများ၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု ထုံးတမ်း ဓလေ့ များ၊ လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာ များ စွာကို လက်တွေ့သွားရောက် ရိုက်ကူး ပုံဖော် ပြသ သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်း သား လူမျိုးစုများ၏ လူသိနည်းသည့် မျိုးနွယ်စုများ အကြောင်းများကိုလည်း လေ့လာဖော်ထုတ် ပြသရန် စီစဉ်ထားကြောင်း သိရသည်။ “ပြည်ထောင်စု ရုပ်သံလိုင်းသစ်ကို ပထမဆုံးပြသတဲ့ အစမ်းကာလမှာ တိုင်းရင်းသားလူမျိုး တစ်မျိုးစီရဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေကို တစ်နာရီစီ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီး ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်စားလာအောင် တင်ဆက်ပြသသွားဖို့အထိ ရည်ရွယ် ထားပါတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းရုပ်သံ လိုင်းသစ် တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း(ဖလမ်း)၊ ချင်း(မင်းတပ်)၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများ၏ ရိုးရာ ဓလေ့ ထုံးတမ်းများနှင့် တိုင်းရင်းသား ရေးရာများကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်သွား မည်ဖြစ်ပြီး ဟောပြောချက်များ၊ ဒေသသတင်းများ၊ နိုင်ငံတော်မှ ထုတ်ပြန်သည့် သတင်း များ၊ မြန်မာရုပ်မြင်သံကြားမှ ထုတ်လွှင့်သော သတင်း အကျဉ်းများကို ရသစုံစွာ ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

FROM-PYIMYANMAR JOURNAL

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။